Chapter 17: ''ဗြဲဂူဒၟံင်မ္ဂးဗီုလဵုဒးဒုင်စသိုင်ရော''

2.8K 142 31
                                        

~When she got angry, her eyebrows look so cute~

စေမင်းပိုင်က သူ့ကိုကျေးဇူးတင်တယ်...? ဘဝမှာထူးထူးဆန်းဆန်း စေမင်းပိုင်ဆီက ကျေးဇူးတင်စကားတွေပါကြားနေရတာပဲ။ ဒါပေမယ့် ကျေးဇူးတင်တာကြီးကို စေမင်းပိုင်က အဲ့လိုမျက်နှာထားနဲ့ပြောဖို့လိုလို့လား။ ဘာလို့အဲ့လိုမျက်ဝန်းတွေနဲ့ သူ့ကိုလာကြည့်နေရတာလဲ။ လူကိုအနေရခက်အောင်လို့...။

''ရာရာ မင်းငါ့ကိုရှက်နေပြန်တာလား''

''ဟာ...? ဘာတွေလာပြောနေတာလဲ''

''ငါ့ကို တစ်ခါတစ်လေတော့ ရှက်တယ်လုပ်လိုက်''

''ဘာကိစ္စငါကရှက်ရမှာလဲ''

''မင်းဝန်မခံဘူးပေါ့''

''မင်းကပေါက်ကရတွေပြောနေတာ ငါဘာလို့ဝန်ခံရမှာလဲ''

''ပေါက်ကရဟုတ်မဟုတ် စမ်းကြည့်ရအောင်''

''ဘာတွေလုပ်ဦးမလို့လဲ။ ငါ့ခေါင်းကိုထိန်းကိုင်ထားတာလွှတ်လိုက်နော် စေ မင်း ပိုင် ! ''

''တစ်မိနစ်လေးပဲ အချိန်ပေး။ အဲ့ဒီအချိန်အတွင်းမှာ မင်းငါ့ကိုအကြည့်မလွှဲနဲ့ ။ ငါလည်းမင်းကိုအကြည့်မလွှဲဘူး။ ဘယ်လိုလဲ...? ''

''စိန်ခေါ်တာလား..? စိန်ခေါ်တာဆို လက်ခံတယ်။ ငါနိုင်ရင် ဘာရမှာလဲ''

''မင်းနိုင်ရင် အိန္ဒြေကိုမင်းလိုက်ရှင်းပြပေးစရာမလိုဘူး။ ဘယ်လိုလဲ။ အ​ပေးအယူ အိုကေရဲ့လား..? ''

''အိုကေတယ်''

စေမင်းပိုင်က သူ့ခေါင်းကိုထိန်းကိုင်ထားရာကနေလွှတ်ပြီး သူ့မျက်လုံးကိုဖြေးဖြေးချင်းစိုက်ကြည့်လာသည်။ မျက်ဝန်းချင်း ဆုံတွေ့တဲ့အခိုက်အတန့်မှာတင် ရင်ထဲမှာမရိုးမယွတွေဖြစ်လာသည်။

''စပြီနော်''

စေမင်းပိုင်ရဲ့မျက်လုံးက အနီးကပ်ကြည့်မှ တော်တော်လေးဆွဲဆောင်မှုရှိနေတာပဲလို့တွေးမိရင်း သူ့တစ်ကိုယ်လုံးက တောင့်တင်းသွားသည်။ နက်မှောင်နေ​ပြီး ဖရိုဖရဲ​​ဖြစ်​နေတဲ့ဆံပင်ကြားထဲက​နေတောင် တောက်ပနေတဲ့မျက်ဝန်း​တွေက သူ့ကိုအကာအကွယ်မဲ့ စိုက်ကြည့်နေသည်။ အဲ့ဒီအချိန်မှာ စေမင်းပိုင်ဆီက တိုက်ခိုက်မှုစတင်လာသည်။

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Dove le storie prendono vita. Scoprilo ora