Chapter 6: ''ဗှ်ေဝိုတ်စအဲယျဟာ''

2.4K 100 13
                                        

~Don't you want to know me like I want to know you~

နေချင်ပေမယ့် ဆက်နေခွင့်မရတော့တဲ့ရွာလေးကိုစွန့်ခွာပြီး မြို့ပြကြီးဆိုတဲ့နေရာကို သူတို့ထွက်ခွာလာခဲ့ပြီ။ အရောင်စုံတဲ့မြို့ပြကြီးက ခမ်းနားထည်ဝါလှပါသည်။ ခမ်းနားလှတဲ့မြို့ပြကြီးက များပြလှတဲ့လူဦးရေလူထပ်မှုကြားမှာ တကယ့်ကို ထီးထီးကြီးလည်းတည်ရှိနေသည်။ ဒါပေမယ့် အဲ့ဒါတွေကသူ့ကိုမဆွဲဆောင်နိုင်ဘူး။ အခုကစပြီး ဒီနေရာမှာအခြေချရတော့မှာလားဆိုတဲ့အတွေးနဲ့တင် ​မွေးရပ်မြေဖြစ်တဲ့ ရွာကိုလွမ်းနေပြီ။

စေမင်းပိုင်တစ်ယောက် ကားကိုအကြာကြီးဖင်ပူအောင်စီးခဲ့ပြီး သူတို့ရဲ့အိမ်အသစ်ဆိုတဲ့နေရာကိုရောက်လာသည်။

''ကောန်...ဗ္ၜူမံၚ်ကာဟာ'' (သား...ကားမူးနေသေးလား)

''ဗ္ၜူမံၚ်ရပုဟ်'' (မမူးတော့ဘူး)

သူတစ်လမ်းလုံးအန်လာတာဖြစ်သည်။ ဒီလောက်ထိ ကားအကြာကြီးစီးလေ့စီးထမရှိတော့ နေရတာသက်တောင့်သက်သာမရှိဘဲ အန်ပဲအန်ချင်နေသည်။

''ဒါကသားတို့အိမ်အသစ်လား''

''ဟုတ်တယ်သား။ ဒါကအမေတို့ရဲ့အိမ်အသစ်''

ရွာကလိုမျိုး ခြံဝန်းကျယ်ကျယ်နဲ့မဟုတ်တဲ့ သင့်တော်တဲ့ခြံဝန်းနဲ့ အိမ်ငယ်လေးတစ်လုံးကိုသူကားပေါ်ကဆင်းဆင်းချင်း မြင်လိုက်ရသည်။ သူတို့ဘေးအိမ်တွေနဲ့ယှဥ်ကြည့်ရင်တော့ သူတို့အိမ်က သိမ်ငယ်ဖို့ကောင်းသွားတဲ့ ခံစားချက်ကြီးဝင်လာသည်။ ရွာမှာကလို လက်မထောင်ပြီး မနေနိုင်တော့တာကို သူတို့အားလုံးသဘောပေါက်သွားခဲ့သည်။ အိမ်ကတော့ နှစ်ထပ်ရှိသည်။ ခြံဝန်းက ကားထားလို့ရရုံအနေအထားနဲ့ သစ်ပင်ပန်းပင်တွေမရှိ​နေတဲ့ ဟာလာဟင်းလင်းပြင်ကြီး။ အခုသူ့ခံစားချက်က ရေမရှိတဲ့သဲကန္တာရကိုရောက်သွားသလိုမျိုးပဲ။

''အစ်မကြီး''

''ဘာလဲအလတ်ကောင်''

''အဖေကဘာအလုပ်လုပ်နေတာလဲ။ လုပ်ငန်းအကြောင်းမပြောတော့...''

''​အဖေကအုန်းမွှေးခြံ လုပ်​နေတယ်။ လောလောဆယ်တော့ ငါက ရွာကပို့လာတဲ့ရက်ကန်းထည်တွေကို လက်လီလက်ကားပုံစံမျိုးရောင်းဖို့ ဆိုင်ဖွင့်ဖြစ်မယ်ထင်တယ်''

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Tempat cerita menjadi hidup. Temukan sekarang