Chapter 4: ''ပၠီုထောံသစ္စဂွိုအ်ပုဟ်နဝ်''

2.8K 99 7
                                    

~We made a promise so, pinky swear~

'' 2011ခုနှစ် ''

သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့မှာ ကောင်းမှုကုသိုလ်လုပ်ဖို့ အမေကသူ့ကို ဘုန်းကြီးကျောင်းခေါ်လာသည်။ ဘုန်းကြီးကျောင်းလာရတာကို ရာရာစိတ်မညစ်ပေမယ့် ဘုန်းကြီးကျောင်းလာတိုင်း ဆင်ရတဲ့အဝတ်အစားကိုတော့ သူစိတ်ညစ်သည်။

''မဝတ်ချင်ပါဘူးဆို''

''မရဘူး။ ဝတ်ရမယ်''

''ပုဆိုးဝတ်လည်း ကျက်သရေရှိ​ပြီး လုံလုံခြုံခြုံရှိပါတယ်'' (အမေကိုဖြောင်းဖျနေတာ)

''နင်ကမိန်းကလေးလေ။ ဘယ်လိုလုပ် ဘုန်းကြီးကျောင်းကို ပုဆိုးဝတ်ပြီးသွားမလဲ''

''မရဘူးလို့ဘယ်သူပြောထားလို့လဲ''

''ငါပြောတာ''

အမေ့ကိုတော့ သူဘယ်လောက်ငြင်းငြင်း မနိုင်ဘူး။ ဘုန်းကြီးကျောင်းသွားချင်စိတ် ပျောက်သွားတာပဲရှိမည်။

''ကဲပါ...ဒီတစ်ရက်လေးပဲသည်းခံလိုက်''

''အဲ့ဒါကြောင့် ဘုန်းကြီးကျောင်းကို မလာချင်တာ'' (ရောက်ဖြင့်ရောက်နေပြီ)

''မိရာရာ... နင်ကဘာသာမဲ့မို့လို့လား။ ဘုန်းကြီးကျောင်းလာတော့လည်း ဘာဖြစ်လဲ။ ကုသိုလ်ရသွားမှာစိုးလို့လား'' (အိမ်ကအမေပြောနေကြစကား)

အမေကတော့ သူ့ကိုဆို ပြောဖြစ်အောင်ပြောနေသေးသည်။ အစ်ကိုလတ်ရှိတုန်းကဆို ငြိမ်နေပြီးတော့ သင်္ကြန်အပြီး အစ်ကိုလတ်လည်း ရန်ကုန်တက်သွားရော အမေတို့ကဇာတိပြတာပဲ။

''ဆွမ်းချိုင့်ကိုအရင် ကပ္ပိယဆီကိုသွားပို့လိုက် မိရာရာ''

''ဟုတ်''

ဘုန်းကြီးကျောင်းတောင်မရှောင်ဘဲ ရာရာတို့ကတော့ ဆောင့်အောက်ပြီးလျှောက်နေပြန်သည်။ ဒေါ်သက်နှောင်းတစ်ယောက်ကတော့ သူ့သမီးထွေးကိုကြည့်ပြီး စိတ်ညစ်လို့နေသည်။

''ဟယ်... မသက်နှောင်းတို့ပဲ။ ကိုရာဇာတောင်ပါသေးတာပဲ''

''ဟုတ်တယ်မဥမ္မာရေ...။ မဥမ္မာတို့လည်း တရားနာလာ​ကြတာလား''

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Donde viven las historias. Descúbrelo ahora