Chapter 14: ''အရာဒးဒုင်စသိုင်ဒၟံင်တအ်ဂှ်လဴထ္ၜးကဵုညးဂှ်မွဲခိုဟ်ရော''

2.7K 91 17
                                        

~You won't stop running on my mind and I won't stop getting butterflies~

''မတွေ့ရတာကြာပြီနော်''

''အင်း''

''ငါတို့ဒီမှာထိုင်​ကြမလား''

စေမင်းပိုင်နဲ့သူ့သူငယ်ချင်းဘော်ဒါတွေက အင်္ကျီသွားလဲနေတဲ့အချိန်မှာ သူနဲ့လှအိန္ဒြေကတူတူရှိနေသည်။

''စေမင်းပိုင်က နင့်ကိုဝင်ခေါ်လာတာလား''

''ဟုတ်တယ်''

''ရွာမှာပျော်ခဲ့ရဲ့လား''

''အင်း''

''နင်နဲ့စေမင်းက အိမ်နီးနားချင်းတွေနော်''

''အရင်တုန်းကပေါ့''

လှအိန္ဒြေက ဒီတစ်ခါတော့ သူ့ဆီကနေသိချင်တာတွေများနေသည်။ အဲ့ဒါက စေမင်းပိုင်အကြောင်းဖြစ်သည်။ စေမင်းပိုင်အကြောင်းကိုများ တကူးတကသိချင်ရတယ်လို့။

''စေမင်းကလေ နင့်အကြောင်းကိုတော့ အမြဲကြုံရင်ကြုံသလို ပြောပြပါတယ်''

''ဟုတ်လား..!''

''အရင်တုန်းက သူနဲ့နင်ကသိပ်မတည့်ဘူးလို့ကြားတယ်''

''အင်း။ ဒီလိုပါပဲ''

''အခုရော...?''

''အခုကတော့ ဘယ်လိုပြောရမလဲ။ ဒီအတိုင်းပါပဲ''

သူကရေရေရာရာဖြစ်တဲ့အဖြေမပေးတော့ လှအိန္ဒြေက စကားလမ်းကြောင်းလွှဲပြီး တစ်ခြားအကြောင်းအရာထပ်မေးလာသည်။

''စေမင်းငယ်ငယ်တုန်းက ဘယ်လိုပုံစံမျိုးလေးလဲ''

''သူလား..? အင်း...ပြောရမယ်ဆိုရင် အတိုင်အပြောထူတယ်။ ထစ်ကနဲ တစ်ခုခုဖြစ်တိုင်း အိမ်ပြန်ရောက်ရင်တိုင်ပြောပြီ။ အဲ့ဒါကြောင့် သူ့ကိုကြည့်မရခဲ့ဘူး''

''ဟုတ်လား''

''ပြီးတော့ သူက ငယ်ငယ်တုန်းကတည်းက စိတ်ပျော့တယ်။ အခုလည်း ဘာထူးလဲ။ သိပ်မပြောင်းလဲပါဘူး။ စကားကိုသာကန့်လန့်ပြောတတ်ပေမယ့် ငါကအနိုင်လိုချင်ရင် သူကအရှုံးပေးတတ်တယ်။ ငယ်ငယ်တုန်းကတော့ သူက တော်တော်လေးချစ်ဖို့ကောင်းခဲ့တယ်ထင်တယ်''

စေမင်းပိုင်ကို သူကသာအသိဆုံးဆိုတဲ့လေသံနဲ့ နည်းနည်းလေးအကဲပိုအောင်ပြောမိသည်။ ပြောရင်းနဲ့ စေမင်းပိုင်နဲ့သူ့ရဲ့ ငယ်ငယ်တုန်းကပုံရိပ်ကိုပြန်တွေးကြည့်မိတော့ သူ့မျက်နှာကအလိုလိုပြုံးလာတာကို သူကိုယ်တိုင်တော့ဘယ်သိမလဲလေ။ ဒါပေမယ့် လှအိန္ဒြေကတော့ သတိထားမိ​နေသည်။

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Where stories live. Discover now