~Starting from now, we are enemies~
''မိရာရာ''
''အဴ''
''ကျောင်းစတက်မယ့်နေ့ကို ဒီလောက်ထိအိပ်နိုင်တာ...နင်ကကာလနဂါးလား''
''ကာလနဂါးပဲဖြစ်ချင်တော့တယ်''
သူကအမေ့ကိုပြန်ခံပြောနေတာတော့ မဟုတ်ပါဘူး။ အမေနဲ့သူနဲ့ကကို မတည့်တာပါ။ မနက်စောစောစီးစီးထပြီး ရှိသမျှအလုပ်ကိုသိမ်းကျုံးပြီးလုပ်ပြနေရအောင် သူဟာ စင်ဒရဲလားလည်းမဟုတ်နေဘူး။ စင်ဒရဲလားအစား မိထွေးရဲ့သားသမီးလိုပဲနေချင်သည်။
''အိပ်တာကလေ...သေမှပဲဝမယ့်အမျိုး...''
''အဲ့လိုပြောမယ်ဆိုတာကိုသိသားပဲ''
(နေ့တိုင်းကြားနေကြမို့ ဒါမျိုးရိုးနေပြီဆိုတဲ့အထာနဲ့)
''မိရာရာ... ဘာပြောလိုက်တာလဲ''
ဒါလည်းကြားတာပဲလား။ အမေတို့ကတော့ နားကလည်း ပါးလိုက်တာများ။ မဟုတ်တာပြောတာ အကုန်ကြားတတ်သည်။
''ဘာမှမဟုတ်ဘူး။ ထပြီလို့..''
''အမြွှာနှစ်ကောင်ကလာခေါ်တော့မယ်။ မြန်မြန်ပြင်တော့''
''ဟုတ်ကဲ့ပါ''
မနက်ဆို အမေ့ရဲ့သာယာငြိမ့်ညောင်းတဲ့တေးဆိုသံလေးနဲ့ သူဟာနိုးထနေကြဖြစ်သည်။ အမေ့ရဲ့အဲ့ဒီအသံလေးမကြားရရင် သူ့ရဲ့တစ်နေ့တာက ပြီးပြည့်စုံသွားမှာမဟုတ်ဘူး။
''မင်းသက်ရာ'' (ရာရာရဲ့အစ်ကိုငယ်)
''အဴ'' (ပြန်ထူးတာ)
''မင်းညီမနဲ့တူတူသွားလိုက်''
''သူက သူ့သူငယ်ချင်းတွေနဲ့သွားမယ်လို့ သားကိုကြိုပြောထားပြီးသားအမေ''
''သူ့သူငယ်ချင်းတွေက 'မ' တစ်ယောက်မှမပါဘူး။ 'အထီး' တွေချည်းပဲ။ ငါစိတ်မချဘူး''
''အထီးတွေနဲ့က ပိုပြီးစိတ်ချရပါတယ်အမေရာ''
''မင်းတို့မောင်နှမတွေကလေ...ဒီအချိုးကြီးပဲ''
သူ့သားအကြီးဆုံးကတော့ မင်းတေဇ ။ အထက်တန်းကျောင်းထိလောက်ပဲတက်ပြီး မိဘတွေကို အခုအချိန်ထိသားကြီးပီပီ ဝိုင်းကူလုပ်ပေးနေတဲ့ သားလိမ္မာလေး ။ (မှတ်ထားကြနော်။ ဝိုင်းကူလုပ်ပေးရင် သားလိမ္မာလေးတဲ့)
BẠN ĐANG ĐỌC
My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}
Lãng mạn"I Love You" If we get any closer, I'll fall deeper. I won't be able to give you up. " ငါ့ကိုမင်းတစ်ကယ်ပဲ..ကြိုက်တာလား " " မင်းဘယ်နှစ်ခါမေးမေး ငါ့အဖြေကမပြောင်းဘူး။ မင်းဘယ်လိုပုံစံပဲဖြစ်နေဖြစ်နေ၊ ဘယ်လိုအခြေအနေထိပဲရောက်နေရောက်နေ မင်းမို့လို့ကို ချစ်တ...
