Chapter 18: ''အဲဒးစိုတ်မံင် ညးဂှ်ရော''

3.5K 162 31
                                        

~When she gets quite, her eyes look so Beautiful. Those beautiful eyes simply looked right through me~

နွေရာသီက တဖြည်းဖြည်း ကုန်ဆုံးနေပြီဖြစ်သည်။ ဒါဆို ဒီပူပြင်းတဲ့နေရောင်ခြည်က ဘယ်ကလာတာလဲ။

''ပူလိုက်တာကွာ''

''ရော့ Royal-D သောက်လိုက်''

''လာနောက်မနေနဲ့''

မနက်ဖြန်ဆို ပွဲစဥ်စတော့မှာဖြစ်သည်။ သူ့ပွဲကိုလာကြည့်ဖို့ အကုန်လုံးကိုပတ်ခေါ်ထားသည်။ မနိုင်လို့ရှုံးသွားရင်တော့ အရှက်ကွဲပြီပဲ။

''ငါပြန်ပြီမှူးဇော်''

''အေး။ မနက်ဖြန်တွေ့မယ်''

အိမ်ပြန်ရောက်တော့ အစ်ကိုလတ်က မနက်ဖြန်သူတို့လည်းလာအားပေးမယ်တကဲကဲလုပ်နေသည်။

''အလုပ်မရှိဘူးလား''

''ခဏလာမယ်လေ''

''ဟာ...မလာပါနဲ့။ ရှက်စရာကြီး ''

''ဘယ်နှယ့်ရှက်ရတာလဲကွ''

''ကျောင်းအပ်တုန်းကကိစ္စတောင် သူငယ်ချင်းကြားထဲမှာနာမည်ကြီးနေတာ။ မနက်ဖြန်သာလာရင် ဒီမျက်နှာကြီး မြောင်းထဲသွားပစ်ထားမှရတော့မယ်''

''အဲ့​လောက်​တောင်လား။ ငါတို့ကအားပေးချင်ရုံပါကွာ ရာရာရာ...''

''စိတ်ထဲကနေပဲ အားပေးတော့''

''ပြီးရော''

ညစာစားပြီးတော့ ပျင်းတာနဲ့ပဲ ဂိမ်းတစ်ပွဲလောက်ဆော့ရအောင်ဆိုပြီး စေမင်းပိုင်တို့ကို လက်တို့လိုက်သည်။ ချက်ချင်းပဲ ဝင်လာကြသည်။ ဒါပေမယ့် ပွဲထဲဝင်ပြီးမှ သူ့ဆီဖုန်းဝင်လာသည်။ Game mood မလုပ်ထားရတာ ဆိုးတာပဲ။ ဘယ်လိုလုပ်ရမလား။ ကိုင်ရမလား။ မကိုင်ရဘူးလား။ ခေါ်တဲ့သူက ကိုနိုင်လွန်ကြီးဆိုတော့ သူမကိုင်ဘဲမနေရက်တာနဲ့ ကိုင်လိုက်သည်။ သူ့ကြောင့် ဟိုကောင်တွေဂိမ်းရှုံးတော့မယ်။ ကျိန်းသေပေါက် အဆဲခံရတော့မှာကိုသိသည်။ မတတ်နိုင်ဘူးလေ။

''ဟယ်လို''

''ဟုတ်ကဲ့ ကိုနိုင်လွန်ကြီး ။ ဖုန်းဆက်တာအချိန်ကောင်းပဲ''

''မအားလို့လား''

''ရပါတယ်။ ပြောပါ''

''ပြောဆိုတော့လည်း ပြောရတာပေါ့။ ကိုယ် အခုပဲရန်ကုန်ရောက်လာတယ်''

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Where stories live. Discover now