Chapter 9: ''​အဲဒးစိုတ်မံင်ဗှ်ေ''

3.1K 85 2
                                    

~I love her but you don't. So you should let go of her first~

ဇန်နဝါရီလရဲ့ လလယ်ကိုတောင်ရောက်လာပြီ။ စေမင်းပိုင်နဲ့သူပြန်တွေ့တာ နှစ်ပတ်ကျော်တောင်ရှိခဲ့ပြီ။ ဒီကြားရက်တွေမှာ သူနဲ့စေမင်းပိုင်က ဆက်တိုက်လိုလို သွားသွားလာလာ​တွေရှိ​နေသည်။ အခုလည်း သူ့ကိုဖုန်းခေါ်လာ​ပြန်သည်။

''ဘာလဲပြော''

''ချိုသာတယ်နော်''

''မင်းမှန်းသိနေတာပဲ။ ချိုသာစရာလိုလို့လား။ ဘာပြောမှာလဲသာ ပြောစမ်းပါ''

''နေ့လယ်ကျရင် ငါတို့ဘက်ကိုလာခဲ့။ ငါ့သူငယ်ချင်းတွေနဲ့ မင်းကိုမိတ်ဆက်ပေးဖို့ လူစုထားတယ်''

''ဘယ်မှာတွေ့မှာလဲ''

''ငါတို့ကန်တင်းကို...''

ဟိုဘက်ကန်တင်းဆိုတော့ သူနည်းနည်းတွေဝေသွားသည်။

''ပြီးရော။ စောင့်နေ''

''အေး''

သူတို့တွေ ငယ်ငယ်တုန်းကအတိုင်းလိုပဲ ပြန်ပြီးခင်မင်လာသည်။ ရာရာနဲ့ အမြဲတမ်းလည်းဖုန်းပြောဖြစ်ပြီး ဆက်သွယ်ဖြစ်သည်။ အဲ့ဒါကလည်း  ဂိမ်းဆော့တာကို ဝါသနာပါတာချင်းတူ​ကြလို့။ အရင်တစ်ပတ်က ရာရာက သူ့သူငယ်ချင်းတွေကို သူကငယ်သူငယ်ချင်းပါလို့ မိတ်ဆက်ပေးခဲ့ပြီးပြီဆိုတော့ အခုသူ့အလှည့်ပေါ့။

''မင်းတို့မလိုက်တော့ဘူးလား''

''ငါတို့မလိုက်တော့ဘူး။ ဟန်မှူးဇော်လိုက်လိမ့်မယ်''

နှောင်းဧရာနဲ့ ဟန်မှူးဇော်နှစ်ယောက်သား တစ်ဖက်တက္ကသိုလ်ရဲ့ကန်တင်းကို ယောင်တောင်တောင်နဲ့ရောက်လာခဲ့သည်။ သူတို့ကိုဝိုင်းကြည့်နေတာကတော့ ရာရာ အထူးအဆန်းကိုဂရုမစိုက်တော့ဘူး။ နေသားကျနေပြီဆိုတော့။

''မင်းတို့ကွာ...ရှာလိုက်ရတာ''

စေမင်းပိုင်နဲ့တူတူ ထိုင်နေတဲ့သူတွေထဲကတစ်ယောက်ကိုပဲ သူသိသည်။ အဲ့ဒါက သုခကျော်။ ကျန်တဲ့သုံးယောက်ကတော့ မျက်နှာစိမ်း။ ချောတဲ့မိန်းကလေးတစ်ယောက်ကပါ အပိုပါနေသေးတာဆိုတော့ သူ့စိတ်တွေကြည်နူးလာသည်။ ဝိုင်းထဲမှာထိုင်နေတဲ့ကောင်မလေးကိုကြည့်ပြိ်း ရန်ကုန်သူတွေ တော်တော်ချောတာပဲလို့တွေးမိသွားသည်။

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Where stories live. Discover now