Chapter 28: ''မိက်ကဵုဗ်ှေနွံဒၟံင်အဲ''

3.5K 140 28
                                        

~I struggled so hard in the past. But it looks like, in the end, I only needed to say one thing to win her over~

သီတင်းကျွတ်လပြည့်နေ့ဆို ဘုန်းကြီးကျောင်းမှာ မနက်ဆွမ်းတစ်နပ်လှူ​လေ့ရှိတဲ့အမေတို့ကြောင့် မနက်အစောကြီးချက်ပြုတ်လုပ်ကိုင်ပေးဖို့ ဝေလီဝေလင်းကတည်းက ကုန်းရုန်းထရတော့သည်။

''အမေ... သားဘာလုပ်ပေးရမလဲ''

''အမလေးမိရာရာရယ်... မျက်လုံးမှပွင့်နေရဲ့လား။ ဆံပင်လေးဘာလေးဖြီးပါဦး။ မနက်စောစောစီးစီး ကျက်သရေမင်္ဂလာရှိသွားအောင်...''

အမေပြောတော့မှ မျက်နှာတောင်မသစ်ရသေးတာကို သူသတိထားမိသွားသည်။ နှိုးစက်မြည်လာတာနဲ့ အခန်းထဲကနေချက်ချင်းထွက်လာခဲ့တော့ တစ်ကယ်လည်းအိပ်ချင်မူးတူးဖြစ်နေတုန်းပဲ။

''တခြားသူတွေရော...?''

''နင့်အဖေနဲ့လိုက်သွားတယ်လေ။ ဘုန်းကြီးကျောင်းကို ဟင်းသွားပို့တယ်''

''ကျက်နေပြီလား''

''အကုန်မဟုတ်သေးဘူး။ နှစ်မယ်သုံးမယ်လောက်တော့ အဆင်သင့်ဖြစ်နေပြီ''

''ဘယ်တုန်းကတည်းကများ ထချက်နေတာလဲအမေတို့က''

''တစ်ညလုံးမအိပ်ရသေးဘူးဟေ့''

အမေတို့က ကုသိုလ်လုပ်ရဖို့ဆိုရင်တော့ ထမင်းစားရေသောက်ဖို့တောင် မလိုဘူး။ အပျော်နဲ့တင် ဗိုက်ပြည့်နေမယ့်သူမျိုး။ အဲ့ဒါကလည်း အဘိုးနဲ့အဘွားဆီက အမွှေရထားတာဖြစ်သည်။ အဘိုးအဘွားနဲ့တွေ့ပြီဆို အမြဲတမ်းကိုယ့်ကျင့်စရိုက်ကောင်းဖို့ ၊ မလိမ်မညာဖို့ ၊ ကုသိုလ်ကောင်းမှုပြုဖို့ အစစအရာရာကို တွေ့တိုင်းမြင်တိုင်း သွန်သင်ဆုံးမမြဲပဲ။ တစ်ခါတစ်လေ သွန်သင်ဆုံးမစကားကနေတဆင့် ဘုရားဇာတ်တော်​တွေထဲကအကြောင်းအရာတွေအထိပါရောက်လာပြီး ပုံပြင်ပြောပြသလို စကားကြောကရှည်လာရင် ဖြတ်လို့မရတော့ရော...။ တစ်ခါတစ်လေ နားထောင်ရင်းအိပ်ပျော်သွားတဲ့အခိုက်အတန့်တောင် ရှိခဲ့ဖူးသည်။

''ဟိုမှာ အဖေပြန်လာပြီ''

အဖေ့နောက်ကနေ စေမင်းပိုင်ရော သူ့အစ်ကိုတွေရောပါသည်။ ကြည့်ရတာ အကုန်လုံးက သူ့ထက်အရင်စောထကြတဲ့သူတွေချည်းပဲ။

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Nơi câu chuyện tồn tại. Hãy khám phá bây giờ