Chapter 20: ''အဲဆာန်မံင်ဍေံ ဆဂး ဍေံဟွံဒုင်တဲပုဟ်''

3.6K 155 46
                                        

~I really like you. I've never liked anyone so much before~

အိမ်အပြန်ကို သူတစ်ယောက်တည်းပြန်ဖို့စိတ်မချဘူးဆိုလို့ အန်တီဥမ္မာက သူ့ကိုတစ်ညအိပ်ဖို့အတင်းပြောနေသည်။ အိမ်ကအစ်ကိုတွေကိုလည်း ပြောပေးမယ်ဆိုပြီး အတင်းတိုက်တွန်းနေတာနဲ့ သူ့မှာမတတ်သာဘဲ ခေါင်းညိမ့်လိုက်ရသည်။ သူနဲ့စေမင်းပိုင်အကြောင်းကို ဘာမှထွေထွေထူးထူးမပြောလို့ သူ့မှာတော်တော်လေးစိတ်သက်သာရာရသွားသည်။ စေမင်းပိုင်ကတော့ သူ့ရှေ့မှာစပ်ဖြဲဖြဲလုပ်နေဆဲပဲ။

''တော်တော်ပျော်နေလား''

''ပျော်တယ်''

စေမင်းပိုင်ကသူ့အနားကိုကပ်လာပြီး တိုးတိုးလေးရေရွတ်လာသည်။ မျက်လုံးတစ်ဖတ်မှိတ်ပြလာပြီး နှုတ်ခမ်းကတစ်ခြမ်းကွေးတက်သွားရုံပြုံးပြလာ​သေးသည်။

''​စောက်ရူး​ကောင် ! ကိုယ့်အခန်းကိုယ်သွားတော့။ ငါ့ကိုလာကြည့်မနေနဲ့''

''ဂွတ်နိုက်...''

သူ့နားရွက်အနားကပ်လာပြီး နားနဲ့နှုတ်ခမ်းမထိရုံတမယ် တမင်လုပ်ယူပြီးတိုးတိုးလေးလာပြောနေ​ပြန်သည်။

''ချီး..! ကြက်သီးတောင်ထတယ်''

သူပြောတာကိုဂရုမစိုက်တော့ဘဲ လက်ပြပြီးတော့သာ စေမင်းပိုင်ကသူ့အခန်းသူဝင်သွားသည်။ အဲ့ဒီတော့မှ သူ့ရဲ့နှလုံးခုန်သံက ပုံမှန်ပြန်ဖြစ်လာသည်။

''ရာရာ''

''ဟုတ်အစ်မ''

''ကုတင်ကအဆင်ပြေရဲ့လား။ အိပ်လို့မရရင် အစ်မတခြားနေရာစီစဥ်ပေးမယ်''

''ရတာပေါ့အစ်မရယ်။ ရာရာကဘယ်နေရာမဆို အိုကေတယ်''

''တော်သေးတာပေါ့။ အိမ်ကအငယ်ကောင်နဲ့မတူလို့...။ သူဆိုအိပ်တဲ့နေရာပြောင်းသွားရင် အိပ်မပျော်တတ်ဘူး။ ဒီအိမ်ကိုစစပြောင်းလာတုန်းကဆို သူတော်တော်အိပ်ရေးပျက်ခဲ့တာ''

''ဟုတ်လား။ မထင်ရဘူး''

''အစ်မတစ်ခုမေးလို့ရလား''

''မေးပါ။ ရပါတယ်အစ်မ''

''ရာရာနဲ့အငယ်ကောင်က သူငယ်ချင်းတွေပဲလား။ ဒါမှမဟုတ် အဲ့ထက်ပိုတဲ့ဆက်ဆံရေးလား''

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Donde viven las historias. Descúbrelo ahora