~I'm your future husband. One day I'll marry you only~
မချစ်ဘဲ အသုံးချခံသက်သက် တွဲပေးဖို့လာတောင်းဆိုလည်း သူက လက်ခံရမှာပဲလေ။ ဘာလို့လဲဆိုတော့ သူဘက်က ပိုချစ်နေရတာမလား။ ပိုချစ်ရတဲ့သူက အမြဲရှုံးရတယ်ဆိုတဲ့ အချစ်ရဲ့ပုံသေနည်းက ဘယ်တော့မှမပြောင်းလဲဘူးလေ။
''ကိုနိုင်လွန်ကြီး ကျွန်တော်နဲ့လိုက်ခဲ့''
''ဘယ်ကိုလဲ''
''ဘောလုံးကွင်းကို''
ဒီနေ့ ကိုနိုင်လွန်က သူ့ကိုကျောင်းလာကြိုသည်။ သူငယ်ချင်းတွေကိုတော့ ကိုနိုင်လွန်နဲ့သူရဲ့ဆက်ဆံရေးကို Official မချပြရသေးဘူး။ သူမပြောသေးသ၍တော့ ဘယ်သူကမှလည်း သူတို့တွဲနေတယ်လို့ ထင်ကြမှာမဟုတ်ဘူး။
''ဘယ်သူ့ပွဲလဲ''
''စေမင်းပိုင်ပေါ့။ သင်္ချာနဲ့ကန်မှာတဲ့''
''ဪ ''
ဧရာနဲ့ စေမင်းပိုင်ရဲ့ဆက်ဆံရေးက ဘယ်လိုဖြစ်နေပြီလဲမသိဘူး။ ရုတ်တရက်ကြီး သူနဲ့တွဲရအောင်လာပြောတာက စေမင်းပိုင်ဆိုတဲ့ကောင်လေးနဲ့များ ဆိုင်နေမလား။
''ဒါနဲ့...ကိုယ်တို့က တွဲနေကြပြီဆိုတော့ အခေါ်အဝေါ်လေး ပြောင်းကြမလား''
''ဘယ်လိုခေါ်ချင်လို့လဲ''
''နည်းနည်း ချစ်သူရည်းစားလို နူးနူးညံ့ညံ့လေး''
''အင်း...အဲ့ဒါဆို ကိုနိုင်လွန်ကြီးကို ကျွန်တော်ဘယ်လိုပြောင်းခေါ်ရမလဲ''
ဘေးချင်းယှဥ်လျှောက်နေတဲ့အချိန်မှာ နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် ဘယ်လိုခေါ်ကြမလဲလို့ အပီအပြင် စဥ်းစားနေကြသည်။
''ကိုနိုင် ဆိုရင်ရော ဘယ်လိုလဲ''
''ရိုးသလိုပဲ''
''ဒါဆို ကိုလွန်''
''ဟာ... အဲ့လိုကြီးက နားထောင်မကောင်းဘူး''
''ဒါဆို ခင်ဗျားကြီးက ဘယ်လိုခေါ်စေချင်တာတုန်းဗျ''
'' 'ကို' တို့ 'မောင်' တို့ ဒါမှမဟုတ် 'ကိုကို' ပဲဖြစ်ဖြစ်''
''လဲသေလိုက်ပါလားဗျာ''
''ဟင်..? ကိုယ့်ရဲ့ချစ်သူကို အဲ့လိုပြောစရာလား''
YOU ARE READING
My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}
Romance"I Love You" If we get any closer, I'll fall deeper. I won't be able to give you up. " ငါ့ကိုမင်းတစ်ကယ်ပဲ..ကြိုက်တာလား " " မင်းဘယ်နှစ်ခါမေးမေး ငါ့အဖြေကမပြောင်းဘူး။ မင်းဘယ်လိုပုံစံပဲဖြစ်နေဖြစ်နေ၊ ဘယ်လိုအခြေအနေထိပဲရောက်နေရောက်နေ မင်းမို့လို့ကို ချစ်တ...
