Chapter 23: ''အဲကဵုဍေံ နွံမံင်ညးမွဲမွဲဒၞဲါ ဟွံ​သေင်ပုဟ်လေဝ်''

3K 119 16
                                        

~I did neglect thing because I don't want to see it~

သူတို့တည်းမယ့်ဟိုတယ်ကို ညနေလေးနာရီမှာရောက်ခဲ့သည်။ ယောကျ်ားလေးတွေကတော့ နှစ်ယောက်တစ်ခန်းဆိုပေမယ့် နှောင်းဧရာကတော့ချွင်းချက်တစ်ယောက်တည်းတစ်ခန်းရထားသည်။

''အစ်ကိုက ကျွန်တော်နဲ့အခန်းတူတူကျတယ်''

''ဟုတ်လား''

''သွားနားကြမယ်လေ...လာ''

လပြည့်သော်က သူနဲ့တစ်ခန်းတူတူကျတဲ့ကိုနိုင်လွန်ကို ခေါ်သွားသည်။ စေမင်းပိုင်ကတော့ မင်းအံ့ဘုန်းနဲ့တစ်ခန်းဖြစ်သည်။

''ညနေမှလူစုမယ်ပြောကြတယ်။ အေးဆေးနားလို့ရတယ်အစ်ကို''

''ညီလေးနဲ့တစ်ခန်းထဲမို့လို့ တော်သေးတာပေါ့''

''အစ်ကိုနဲ့စေမင်းက ငြိထားတာရှိလို့လား''

''အဲ့လိုရယ်တော့မရှိဘူး။ ဒါပေမယ့် နှောင်းအပေါ်သူ့ရဲ့စိတ်က ဘယ်ဟာကအတည်မှန်းမသိရတော့ခက်တယ်''

အေးအေးဆေးဆေးလှဲကြရင်းနဲ့ နှစ်ယောက်သားပြောဖြစ်ကြတဲ့အကြောင်းအရာက နှောင်းဧရာနဲ့စေမင်းပိုင်အကြောင်းတွေဖြစ်သည်။ လပြည့်သော်ကလည်း သူသိသမျှ သူပြောပြနိုင်တဲ့နယ်ပယ်ကနေ စည်းဘောင်မကျော်ဘဲ ကိုနိုင်လွန်ကိုပြောပြသည်။ အဲ့ဒီအချိန်မှာ အခန်းထဲမှာတစ်ယောက်ထဲပျင်းနေတာက နှောင်းဧရာ။

''ဘာလို့ ငါ့ကျမှတစ်ယောက်ထဲလဲကွာ...''

တစ်ယောက်တည်းမနေချင်တဲ့သူ့ကိုမှ သီးသန့်တစ်ယောက်တည်းပစ်ထားကြတော့ သူ့မှာအထီးကျန်နေသည်။ အထုတ်အပိုးတွေကိုနေရာချ ခဏလှဲလိုက်သေးပေမယ့် တခြားသူတွေဘာလုပ်နေကြမလဲက သိချင်လာပြန်တော့ တစ်ခန်းစီ Petrol လိုက်လှည့်ကြည့်ဖို့ဖြစ်လာသည်။ ဘယ်သူက ဘယ်အခန်းရထားမှန်းသူမသိပေမယ့် ဘိုကင်​ကြိုတင်ထားတဲ့အခန်းနံပါတ်တွေရှိထားတော့ တစ်လှည့်စီတံခါးလိုက်ခေါက်သည်။

''ဟယ်...လို...''

''ဘယ်သူလဲ''

''ကျွန်တော်လေ''

''နှောင်း...!''

ကိုနိုင်လွန်က သူ့အခန်းနံပါတ်ကိုကြိုပို့ထားပေးတော့ သူအရင်ဆုံးလာဖြစ်သွားသည်။

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Opowieści tętniące życiem. Odkryj je teraz