Chapter 27: ''အခေါင်ဆာန်နွံမံင်ဏီ မ္ဂးဆာန်မံင်ဏီ''

3.1K 163 44
                                        

~If we get any closer, I'll fall deeper. I won't be able to give you up~

''အစ်ကိုလတ်က ဘာလို့ကျွန်တော်တို့ကားနဲ့ပါလာရတာလဲ''

''ဒါကငါ့ကားပါနော်''

''ဟွန့်''

''ဘာကိုဟွန့်နေတာလဲ...?''

''ကိုယ့်ကားကိုယ်မောင်းပါလား။ ဘာလို့ မင်းပိုင်ကိုမောင်းခိုင်းတာလဲ''

''မဟုတ်သေးပါဘူးရာရာ... မင်းကသူ့အစားဘာဖြစ်လို့ပွားနေတာလဲ။ သူတောင်ဘာမှမပြောဘူး''

''အစ်ကိုလတ်က အနိုင်ကျင့်နေတာကို''

''ငါ့ညီစေမင်းပိုင်... အစ်ကို မင်းကို အနိုင်ကျင့်မိလို့လားကွာ''

ရာရာကြောင့် အစ်ကိုမင်းဇာနီရဲ့မြှားဦးက သူ့ဘက်ကိုလှည့်လာသည်။

''မကျင့်ပါဘူးအစ်ကိုရာ... ရာရာကလျှောက်ပြောနေတာပါ''

သူက အစ်ကိုမင်းဇာနီကိုပြန်ပြောလိုက်တော့ ရာရာကသူ့ကို ဗိုက်ခေါက်ဆွဲလိမ်တော့သည်။ အစ်ကိုစေထွန်းပိုင်နဲ့အစ်ကိုငယ်က ကားတစ်စီးသီးသန့်စီးရတာကို ရာရာမနာလိုနေတာဖြစ်သည်။ အမှန်ဆို သူတို့တစ်ကားတည်းပေါင်းပြီးစီးလာလည်းဖြစ်ပေမယ့် အစ်ကိုလတ်က အလုပ်ရှိသေးတာကြောင့် သူတို့ထက်​စော​ပြန်မယ်ပြောလို့ အပြန်ရအောင် ကားတစ်စီးအပိုယူလာတာဖြစ်သည်။

''ရာရာ..''

''ဘာလဲ''

''မင်းရည်းစားလည်း ရွာပြန်မှာဆို''

''အစ်ကိုလတ်ကဘယ်လိုသိလဲ''

''အငယ်ကောင်ပြောတာ''

''အစ်ကိုငယ်ကတော့ ပါးစပ်ကိုမလုံဘူး။ သူ့ကိစ္စကိုတော့ ကျွန်တော်ကအသေနှုတ်ပိတ်ပေးထားရတာကို..''

''ဘာကိစ္စလဲ''

''အစ်ကိုလတ်မသိချင်ပါနဲ့''

''ငါ့ကို ဘာတွေလျို့ဝှက်ချက်ထားထား​ကြတာလဲ''

''မပြောဘူး''

ကိုနိုင်လွန်လည်းရွာပြန်တယ်ဆိုတဲ့ကိစ္စ စေမင်းပိုင်ကို သူပြောပြထားပြီးသားဖြစ်သည်။ ကိုနိုင်လွန်က အဝေးပြေးကားပဲစီးဖြစ်သွားတာနဲ့ သူတို့တူတူပြန်မယ့်အစီအစဥ်ကို ဆက်မပြောလာတော့ဘူး။ အခုနောက်ပိုင်း ကိုနိုင်လွန်နဲ့သူ အဆက်အသွယ်ကျဲလာသည်။ အရင်တုန်းကဆို သူ့ဘက်ကမဆက်သွယ်လည်း ကိုနိုင်လွန်ဘက်က တစ်ရက်ကို နှစ်ခါသုံးခါလောက်နီးပါးဆက်သွယ်ပေမယ့် အခုတော့ တစ်ရက်နေမှတစ်ခါလေးတောင် အဆက်အသွယ်မလုပ်လာတော့ဘူး။

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Место, где живут истории. Откройте их для себя