Chapter 21: ''ဆာန်မံင်တှ်ေတုဲရဟာ..?''

3.1K 121 18
                                        

~I love you, but it's not the same as before. I'm sorry~

''BBA ဒုန်းဒုန်းဒုန်း ''

RC တစ်ခုလုံးပွက်လောရိုက်အောင်အားပေးကြမ်းနေတော့လည်း သူတို့ကစားသမားတွေလည်းအားပေးရကျိုးနပ်အောင် အားကုန်ရုန်းကြတော့သည်။

''ဂိုးစောင့်တစ်ယောက်သွား...အဝေးလွှတ်သွင်းတော့မယ်ဆိုတာနဲ့ သေချာစောင့်နေ။ မဝင်ရင် ဘောလုံးကို Rebound အရပြန်ယူခဲ့''

''ကျွန်တော့်တာဝန်ထားလိုက်''

အဲ့လိုနေရာမှာ အရပ်​မြင့်​ပြီးအပြေးမြန်တဲ့သူက အားကိုးရသည်။

''နှောင်းလေး Rebound မြန်မြန်ယူ''

တစ်ဖက်ကအဝေးပစ်သွင်းတဲ့အလုံးကမဝင်တော့ ရာရာတစ်ယောက် Rebound ကိုမရရအောင်ယူဖို့ဆုံးဖြတ်ထားလို့ ခြေထောက်ကိုအားယူပြီးမြင့်မြင့်လှမ်းခုန်လိုက်တာက တဖက်ကစားသမားနဲ့လေပေါ်မှာညှိပြီး ခန္တာကိုယ်ချင်းတိုက်မိကြတာနဲ့ ရာရာတစ်ယောက်အကျနာပြီးခြေကျင်းဝတ်က အသံပါမြည်သွားသည်။

''အားး !!!''

ဘောလုံးကိုတဖက်အသင်းကရသွားပေမယ့် သူကဒဏ်ရာရသွားပြီဆိုတော့ ဒိုင်လူကြီးကဝီစီမှုတ်ပြီး ပွဲခဏနားလိုက်သည်။

''​နှောင်းလေးအဆင်ပြေလား''

''အဆင်ပြေတယ်။ ကျွန်တော်ဘာမှမဖြစ်ဘူး''

ဘာမှမဖြစ်ဘူးသာပြောနေပေမယ့် မတ်တပ်ရပ်ပြီးလျှောက်ဖို့ပြင်တော့ သူလုံးဝမလျှောက်နိုင်ဘူး။

''အ့''

''အဆင်ပြေတယ်ဆို''

ဘယ်အချိန်ကတည်းကသူ့အနားကိုရောက်လို့ရောက်လာမှန်းမသိတဲ့စေမင်းပိုင်ကြောင့် သူ့ခန္တာကိုယ်ကလေပေါ်မြောက်တက်သွားသည်။

''ဘာလုပ်တာလဲ...ချပေး အခု''

''အောင်မာ... လာလည်းကူညီရသေးတယ်။ လေသံကိုက...''

စီနီယာတွေကလည်းကွက်ကြည့်ကွက်ကြည့်နဲ့ လာကြည့်တဲ့သူတွေကလည်းပြုံးစိပြုံးစိနဲ့ ကွင်းအလယ်မှာ မင်းသားနဲ့မင်းသမီး Romance ကားတစ်ကားလာရိုက်သလိုဇာတ်ကွက်မျိုးဖြစ်နေတော့ သူ့မှာရှက်လို့သေတော့မည်။

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Место, где живут истории. Откройте их для себя