Chapter 13: ''လအီဗှ်ေဂှ် ဖ္ဍိုက်ဗပေင်မံင်ကဵုဘဝအဲဟာ''

2.3K 92 13
                                    

~I drawn just looking in your dark eyes, but why I got those feelings from you~

''မနက်ဖြန်ပြန်တော့မှာလားမဥမ္မာ''

''ဟုတ်ကဲ့။ ပြန်မှဖြစ်တော့မယ်လေ​နော်။ ထပ်နေရင် ပြန်ချင်တော့မှာမဟုတ်ဘူး''

''ဒါဆိုရင်တော့ ထပ်နေဖို့ဆွဲထားလို့မရတော့ဘူးပဲ''

အချင်းချင်းစနောက်ကျီဆယ်ပြောဆိုရင်း ရယ်မောနေကြတာနဲ့ အချိန်ကညည့်နက်နေခဲ့ပြီ။ မိဘတွေအချင်းချင်းစကားပြောနေကြတဲ့အချိန်မှာ သူတို့တွေကသီးသန့်တစ်နေရာစီရောက်နေသည်။

''သက်ရာ...မင်း ကျောင်းဖွင့်ခါနီးမှ ရန်ကုန်တက်လာမှာမလား''

''မဟုတ်ဘူး။ သင်္ကြန်ပြီးတာနဲ့တက်လာမှာ''

''ဒါဆို ငါလည်း မင်းနဲ့တူတူကျန်နေခဲ့လို့ရမလား''

''ပိုင်လေး...! မင်းတစ်ကယ်နေခဲ့မလို့လား''

ပိုင်လေးကနေခဲ့မယ်ပြောတော့ မင်းသက်ရာ တကယ်ကြီးအံ့သြသွားသည်။ အခုလိုသူ့နားကိုတောက်တဲ့လိုပြန်ကပ်ချင်နေပုံပဲ။

''ငါက မင်းရှိတဲ့နေရာမှာနေချင်တာ''

''မင်းဘာသာမင်း ဒီမှာနေချင်ရင်နေချင်တယ်ပေါ့''

''အဲ့ဒါမင်းကြောင့်လို့...''

''ဘာလို့ငါ့ကြောင့်လဲ''

တစ်ခါတစ်ခါ အနှောင့်အသွားမလွတ်တဲ့စကားကို ပိုင်းလေးကဘာမဟုတ်သလို အရမ်းပြောတတ်သေးသည်။ သူကပဲ အဓိပ္ပါယ်မှားကောက်ပြီး ထူးထူးခြားခြားစဥ်းစားမိနေတာမျိုးလား မသိပေမယ့်။

''မင်း ခုနကရေချိုးမယ်ပြောတယ်မလား။ သွားချိုးသွား''

''ငါမေးတာဖြေဦးလေ....''

''ဘာကိုလဲ...?''

''ဘာလို့ငါ့ကြောင့်လဲလို့....''

''ငါ့ကိုထားပြီး တခြားတစ်ယောက်တွေ့သွားမှာစိုးလို့''

''မင်းစကားကြီးကလည်းကွာ....မသိရင် ငါက ရည်းစားကိုရှေ့မှာထားပြီး ဖောက်ပြန်တော့မယ့်လူကျနေတာပဲ''

''အဲ့လိုထင်ရင် အဲ့လိုပဲတွေးလိုက်''

''ဟင်...!''

My Romance Belongs to You💚''အ-ရာရာ-မင်းပိုင်-တယ်'' {Completed}Where stories live. Discover now