Unicode
အနက်ရောင် ဂျစ်ကားလေတစ်စီး။
မွေနီလမ်းထက်က ရွံ့ဗွက်တွေကို
ဖြတ်မောင်းပြီးကြမ်းတမ်းတဲ့ရွာအဝင်ဝ
လမ်းမတစ်လျှောက်အရှိန်ပြင်းစွာဝင်ရောက်လို့။ကားမှန်တံခါးကိုအနည်းငယ်ဖွင့်လိုက်သည်နှင့်
ပြုတ်ကျလာတဲ့ (ပွတ်ချွမ်း ) စအတို။
မိုးရွာလို ထနေတဲ့ဗွက်အိုင်ကြားရဲတောက်နေတဲ့
မီးလေးဟာတိကနဲ။ ထိုအတူ.. ( ပွတ်ချွမ်း) စ
အတိုကထွက်လာတဲ့စက္ကူစလေးဟာဗွက်အိုင်ထဲမှာ
ပေါလောပေါျ။" ချောင်းလုံ ရွာကို ရောက်ပြီ အရာရှိမင်း ''
အဖြူရောင်အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားတဲ့
ကားမောင်နေသအမျိုးသားကအနောက်ခမ်းမှာပါလာ
တဲ့သူ့အထက်အရာရှိကိုလမ်းသတိပေးသည်။နက်မှောင်တဲမျက်ခုံးသားနှစ်ခုထူထူကို
ကားအဘက်မှန်ကနေမြင်နေရသည်။
ခဏကြာတဲ့အထိဘာအသံမှထွက်မလာတဲ့
သူ့အထက်အရာရှိဟာ..ချလောက် ဆိုတဲ့
အသံနဲ့အတူ..ကားမောင်းနေတဲ့
သူ့အားလန့်အောင်လုပ်နေပြီ။" ကွင်းလကွင်းနေလဇရပ်ဘက်ကိုမောင်း''
ခပ်မာမာနဲ့ပြတ်ပြတ်သားသားထွက်ပေါ်လာတဲ့အသံ။
ထို့နောကဘားတုံ့ပြန်သံမှမကြားဘဲ
တိတ်ဆိတ်သွားသည်။ကားစက်သံကလွဲလို့ပေါ့။ချလောက် ဆိုတဲ့အသံတွေအဆက်မပြတ်
ကားအနောက်ခန်းကနေထွက်ပေါ်နေသည်။
ကားဘက်မှန်ကနေခိုးခိုးကြည့်မိတော့
သူ့အရာရှိဟာ ( ဗီစတို) တစ်လက်အား
မောင်းတင်လိုက် ချလိုက်လုပ်နေသည်။သူ့အရာရှိလူသတ်ဖို့အဆင်သင့်ဖြစ်နေကြောင်း
လက်အပေါ်မှစွတ်ထားတဲ့သားရည်
အိတ်ကသက်သေပြလို့နေပြီ။မြေနီလမ်းတစ်လျှောက် မောင်းနှင်းလာပြီး
တစ်ဝေါဝေါစီးဆင်းနေတဲ့ချောင်းကြီးကို
ဖြတ်ကျော်တည်ဆောက်ထားတဲ့ပြင်တံတား
တစ်စင်းကိုဖြတ်ကျော်လိုက်သည်။ချောင်းရေကကြည်လင်မနေ။
မိုးတွင်အချိန်မို့ချောင်းရေတက်ပြီး
ရေတွေကနောက်ကျိနေသည်။ဆရာသမားက ကားထဲကနေ
တစ်ချက်ခေါင်းထွက်ကြည့်သည်။
ပြီးမှဟန်ပါပါတစ်ချက်ပြုံးလိုက်သည်။
နီရဲတောက်နေတဲ့နှုတ်ခမ်းပါးလှုပ်ခတ်သွားပုံက
ခင်ပျိုမေတွေအတွက်သာဆွဲဆောင်နိုင်စွမ်း
ရှိခြင်ရှိနေလိမ့်မယ်။အနီးကပ်ဆယ်နှစ်ကျော်
နေခဲ့တဲ့သူ့အတွက်ကြောက်စရာကောင်းတဲ့
အပြုံးမှန်းအသိသာကြီး။
YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...