Unicode
" ဦးစျာန်က..ဘိန်းစိုက်တယ်''??
တိမ်တိုက်လင်းညို.နန်းလိပ် ဘက်ရောက်နေတာ
နှစ်ရက်ရှိပြီ။ပုံမှန်ဆိုလူသိပ်မရှိတဲ့ဒီ
ခြုံနွယ်တောကြီးမှာလူတွေကပေါများနေတာ။အားလုံးကရုပ်ကြမ်းကြီးတွေဖြစ်တဲ့အပြင်
အဲ့လူအားလုံးရဲ့ခန္ဓာကိုယ်မှာတူညီတဲ့အနံ့
တွေရတယ်။အားလုံးကချောင်းလုံရွာသားတွေမဟုတ်တဲ့
အပြင်ဦးစျာန်ကိုရိုသေလေးစားကြတယ်။
အရာရှိမင်းလို့လည်းခေါ်ကြတယ်။ဦးစျာန်အဝေးပို့လိုက်တယ်ဆိုတဲ့
အောင်ကြီးနဲ့သားစိုအပြင်ဒီမှာရှိတဲ့
လူအားလုံးကိုသူမသိဘူး။ဦးစျာန် ဒဏ်ရာသက်သာနေပြီဖြစ်ပေမဲ့
ကိစ္စရှိသေးတယ်ဆိုတာကြောင့်မပြန်ဖြစ်သေးဘဲ
နန်းလိပ်မှာသူတို့ဆက်ရှိနေတာ။မိုးလင်းတာနဲ့ထမင်းစားသောက်ပြီး
မိုးချုပ်မှပြန်လာတဲ့ထိုလူတွေကို
အခန့်မသင့်ရင်ဦးစျာန်ဆူဆူတတ်သေး။အထင်မမှားရင်အဲ့လူတွေအားလုံးက
ဦးစျာန်အလုပ်သမားတွေ။ဒါဆိုဦးစျာန် ဒီလိုတောခြုံမှာဘာမလုပ်လုပ်တာလဲ။
ဦးစျာန်ကိုမမေးရဲတာကြောင့်
သူငယ်ချင်းဖြစ်တဲ့အောင်ကြီးကိုမေး
ရခြင်း။သိခြင်စောနဲ့မေးပေမဲ့ သိရပြန်တော့
ရင်ထဲဆို့နစ်စရာ။
ဒီလိုလှပတဲ့ဒေသကိုဦးစျာန်
ဘာတွေလုပ်နေတာလဲ။" အရာရှိကတော်..အရာရှိမင်းရှာနေပါတယ်''
ကသက်ပင်အောက်မှာ
အောင်ကြီးပြောခဲ့တဲ့ဦးစျာန်
အလုပ်အကြောင်းကိုတွေးနေမိတုန်း
လာခေါ်တဲ့အလုပ်သမားတစ်ဦး။" သူကဘယ်မှာလဲ ''?
" တဲပေါ်မှာပါ.. ကျုပ်ကိုခွင့်ပြု့ပါအုန်း''
လာခေါ်တဲ့လူထွက်သွားတာနဲ့
ကသက်ပင်အောက်ကသူလည်းထွက်ခဲ့လိုက်သည်။တဲပေါ်ရောက်တော့ ဦးစျာန်ကသူ့လက်စွဲတော်
( ပွတ်ချွန်း) လိပ်ကို တည်တည်ငြိမ်ငြိမ်သောက်နေတယ်။
ခေါင်မိုးနဲ့ အိပ်တဲ့နေရာ လူတစ်ရပ်လွှတ်ရုံသာ
မြင့်တဲ့အတွက်..မတော်တဆ ဆေးလိပ်မီးကြောင့်
ရုံအမိုးကိုမီးလောင်သွားနိုင်တာ
ဦးစျာန်မသိဘူးလား။
YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...