Unicode
" လုံးဝ ဆွံအ သွားစေတာဘဲ တိမ်တိုက်
လွမ်းဆို..ဟာကနဲဟင်ကနဲကို ဖြစ်သွားဒါသိလား..
မှန်းကြည့် ကိုရွှေဗိုက်ကလေးကို လက်နဲ့ထိကြည့်ခြင်တယ် ''" အင် ရတယ်လေ ''
လွမ်းဗိုက်လှန်ဖို့ အကျီ်ကြွယ်သီးဖြုတ်ပေးလိုက်သည်။
ဗိုက်ပေါ်ရောက်လာတဲ့ဖြူသွယ်သွယ်လက်သေးသေးလေးက
အေးစက်စက်ကလေး။" ဟက်.. ''!
" ဘာလဲလွမ်း စိတ်လှုပ်ရှားတာလား
အသည်းယားတာလား..လက်တွေတုန်လို့ ''" ဟီး... နှစ်ခုလုံးဘဲ ကွ ချစ်စရာလေး ''
" ကျုပ်လည်း..ထိကြည့်ခြင်တယ် သူကြီးသား ''
" သားစိုး..''
" ရတယ် အောင်ကြီး.. သားစိုးထိကြည့်ခြင်
ထိကြည့်လေ''ရှုံ့မဲ့နေတဲ့အရာရှိမင်းမျက်နှာအနေအထားကြောင့်
အောင်ကြီးချစ်ရသူလေးကိုတားဖို့ကြံပေမဲ့
ခွင့်ပြုချက်တွေပေးနေတဲ့သူကြီးသားကြောင့်
တိတ်နေလိုက်ရသည်။သို့သော် အရာရှိမင်းဘက်ကိုတော့
တစ်ချက်တစ်ချက်ခိုးခိုးကြည့်လိုက်သေး၏။ချစ်ရသူကို တစ်ခု့ခု့ထလုပ်ရင်ကြိုတင်ကာကွယ်
ရအောင်လို့ဖြစ်သည်။" အဟမ့်.. ''!!
ချောင်းဟန့်သံကြောင့်အချိန်တစ်ခုကြာတဲ့အထိ
သူကြီးသားဗိုက်ပြားပြားလေးပေါ်ရောက်နေတဲ့
သားစိုးလက်တွေချက်ခြင်းရုန်းဖယ်သွားသည်။တိမ်တိုက်လင်းညို ရုတ်တစ်ရက်ရုန်းဖယ်
သွားတဲ့လက်ကြောင့်ကြောင်အကာမော့ကြည့်
လိုက်တော့အကြောင်းအရာကိုတွေ့လိုက်ရသည်။သူတို့ကိုစူပုတ်ကာကြည့်နေတဲ့ဦးစျာန်။
" ဦးစျာန်.. ''
" အင်. အပုလေး..ဘာလိုလို့လည်း
ကိုယ်ဘာလုပ်ပေးရမလဲ.. ဗိုက်ဆာလို့လား
ဒါမှမဟုတ်..အပေါ်တက်နားခြင်လို့လား
ကိုယ်လိုက်ပို့ပေးမယ်.. ထ..''သူဟာသူပြောခြင်ရာပြောထင်ခြင်ရာထင်ပြီး
လူကိုလာပွေ့ဖို့ပြင်နေတဲ့ဦးစျာန်လက်တွေကို
တိမ်တိုက်ရုန်းဖယ်လိုက်ပြီးကြည့်နေတဲ့လူတွေဘက်
တစ်ချက်ကြည့်ကာ။
YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...