Part ( 3 )

10.9K 485 14
                                    

Unicode

" အရာရှိမင်း...  ''

အစည်းဝေးကအပြန် တိတ်ဆိတ်နေတဲ့
ဂျစ်ကားအတွင်းပိုင်းထဲ၌ မင်းထက်ဇော်ရဲ့
ကားမောင်းရင်းဖောက်ထွင်းဝင်ရောက်လာတဲ့စကားသံ။

" ကျွန်တော် ချောင်းလုံရွာသူကြီးအကြောင်း
သိရပါပြီ''

တစ်လမ်းလုံးမှိတ်ထားတဲ့ဆရာသမားရဲ့
မျက်လုံး။ခဏသာဖွင့်လာပြီးဆက်ပြောဆိုတဲ့
သဘောနဲ့ကြည့်ပြီးပြန်လည်မှိတ်သွားသည်။

" သူကအဲ့ရွာသားတော့မဟုတ်ဘူး။ လွန်ခဲ့တဲ့
နှစ်.. နှစ်ဆယ်ကျော်လောက်က
ချောင်းလုံရွာသူ..သူကြီးသမီးဒေါ်မြချိုကို
ယူပြီးချောင်းလုံရွာသားဖြစ်သွားတာ။
သူ့ဇာတိတော့စုံစမ်းလို့မရသေးဘူး..။
သူ့နံမည်ကဦးထွန်းလင်း..ဦးထွဋ်လို့လည်း
လူသိများ.....''

" ဘယ်သူလို့ လူသိများတာ'' !

မှိတ်ထားတဲ့မျက်ဝန်းတွေကိုဖွင့်ပြီး
ခက်ထန်တဲ့အကြည့်ခက်ထန်တဲ့မျက်နှာ
နီရဲနေတဲ့မျက်လုံးတွေကိုကားဘက်မှန်ကနေ
မင်းထက်ဇော်မြင်လိုက်ရ၍ ကျောချမ်းသွားရသည်။

" ဦးထွဋ် ''

ထပ်ပြောလေ။ပို၍ကြောက်စရာကောင်းလာတဲ့
ဆရာသမားမျက်နှာ။ဒီနံမည်ကဆရာသမားကို
အဲ့လောက်ဒေါသထွက်စေသလား။

" အခု့မောင်း... ''!

" ဗျာ.. ''!!

" ချောင်းလုံ ရွာကို..အခု့မောင်း..''!!

" ဟုတ်..ဟုတ်..ဟုတ်ကဲ့''

တော်တော်ကြောက်ဖို့ကောင်းတဲ့
ဆရာသမားအသံ။ဒေါသတွေမတရား
ထွက်နေမှန်း..ပုဆိုးအနက်ရောင်အပေါ်မှာ
ကျစ်ကျစ်ပါအောင်ဆုတ်ထားတဲ့
လက်ဖြူဖြူဥဥတွေနီရဲတွတ်နေတာကသက်သေ။

အတန်ကြာအောင်တိတ်ဆိတ်သွားတဲ့ကားလေးက
ဆရာသမားရဲ့ ( ပွတ်ချွမ်း)  ဖွာသံနဲ့အငွေ့တွေသာ
ကြီးစိုးနေသည်။

" ဆက်ပြော... ''

" ဗျာ.. ''

နီရဲတဲ့အကြည့်စူးစူးကမင်းထက်ဇော်ထံ
ဆိုက်ဆိုက်မြိုက်မြိုက်။မင်းထက်ဇော်ဇက်ကလေး
ပုသွားပြီးရပ်ထားတဲ့သူ့စကားကိုပြန်ဆက်ရသည်။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now