Unicode
" ဟေ့ကောင်.. ငါ..သားစိုးကြက်ဘက်ကလောင်း
တယ်ကွာ.. ငွေ ၂၀၀ တည်တယ်''" ဟာ.. သူကြီးသား..ချလှကြီလား
ဟားဟား..သားစိုးကြက်ကလဒ်ကောင်လေးပါ
စိတ်မပူနဲ့ သူကြီးသား..ငွေ ၂၀၀ ကနေ
၅၀၀ အထိတိုးစေရမယ်''" အပိုတွေပြောမနေနဲ့ခွပ်ရတာကြက်..
မင်းခွပ်ရမလိုလေကြီးနေလိုက်တာ''" ဟာဗျာ..သူကြီးသားကလည်း
ကြက်သာဝင်ခွပ်လို့ရရင်
၅၀၀ မကဘူး ၁၀၀၀ ဗျ ၁၀၀၀''လက်ဆယ်ချောင်းထောင်ပြနေတဲ့သားစိုး။
တိမ်တိုက်လင်းညိုခပ်ဟဟရယ်ပြလိုက်ပြီး
တိတ်ဆိတ်နေတဲ့တစ်ဖက်ကကြက်ပိုင်ရှင်ကို
လောင်းကြေးစိန်ခေါ်ခိုင်လိုက်သည်။" ကျုပ်လည်း..၂၀၀ တည်တယ်ကွာ
ဟေ့ကောင်တွေမင်းတို့ကောဘယ်ဘက်ကလည်း
သားစိုးလားကျုပ်လား''အခု့သူတို့ကြက်ဝိုင်းတိုက်နေတာ
သူကြီးချပေးထားတဲ့ကင်းစခန်းမှာဖြစ်သည်။
လူငယ်တွေအယောက်နှစ်ဆယ်လောက်
ရှိတာမို့အပျော်အပါးကိစ္စနှစ်ခါစိန်ခေါ်စရာမလို
ပွဲဖြစ်သည်။သူကြီးလာလို့မိမှာလည်းသူတို့စိတ်ပူစရာမလိုဘူး။
သူကြီးသားကိုယ်တိုင်ကကြက်တိုက်ဖို့
စကားစပြောသူဖြစ်တဲ့အတွက်။ကြက်နှစ်ကောင်ကို ပွေ့ထားတဲ့နှစ်ယောက်က
လူငယ်တွေဝိုင်းအုံနေတဲ့စည်းအလယ်
မှာအကြည့်ခြင်းစစ်ပွဲဖြစ်နေကြသည်။တိမ်တိုက်လင်းညိုလောင်းကြေးချတဲ့သားစိုး
ဘက်ကိုလောင်းတဲ့ကောင်တွေကတစ်ဖက်
တစ်ခြားကြက်ပိုင်ရှင်အောင်ကြီး
လောင်းတဲ့ဘက်ကိုကတစ်ဖက်နဲ့
ကြက်နှစ်ကောင်တောင်မတိုက်ရခင်ခေါင်းမူးအောင်
စည်းကိုလှည့်ပတ်နေကြသည်။" လိုးဘဲ.. မင်းတို့ကြက်တိုက်မှာလား
ဝိုင်းကြီးပတ်ပတ်ကစားမှာလား..
မျက်စိနှောက်တယ်.ခေါင်းမူးတယ်..
အခု့ကြက်တွေကိုချပြီးတိုက်တော့''တိမ်တိုက်လင်းညိုအသံကြောင့်
စည်းဝိုင်းထဲက သားစ်ိုးနဲ့အောင်ကြီး
သူတို့သားတစ်ဖွယ်ချစ်ရတဲ့
ကြက်တွေကိုပွတ်သတ်အနမ်းပေးကာ
ရည်းစားတွေဆိုဟိုဟာပြု့မတတ်
အကဲပိုပြပြီးခွပ်ဖို့ချပေးလိုက်သည်။
YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...