Unicode
အရာရှိပိုင်းထဲလူတွေအတွက်သီးသည့်
လုပ်ထားသည့်အကျဥ်းထောင်။ထောင်တံခါးရှေ့ကားရပ်ပြီးမော်ကွန်းနဲ့အတူ
ထောင်ထဲကတစ်စုံတစ်ယောက်ကိုတွေ့ဖို့
ဝင်ခဲ့သည်။ကျုပ်ကို့တွေ့တာနဲ့အရိုအသေပေးကြတဲ့
တပ်သားတစ်ချို့ကိုခေါင်းငြိမ့်ယုံသာ
တုန့်ပြန်ပြီးအသင့်ဖွင့်ပေးထားတဲ့တံခါးမအတိုင်း
ဝင်ကာအထပ်ထပ်တောအကျဥ်းခန်းတွေကို
ကျော်လွှားပြီးအကောင်းတစ်ကာ့အကောင်းဆုံး
အပန်ဖြေနေရသလိုနေနေတဲ့မြို့အုပ်မင်းငယ်ဦးရာဇ
နေထိုင်ရာအခန်းရှေ့ရပ်လိုက်သည်။သော့တွဲတွေအများကြီးကိုင်ပြီးအနောက်က
ထပ်ကြပ်မခွာလိုက်နေတဲ့ထောင်မူး။
ကျုပ်ရပ်လိုက်တာနဲ့သော့တွေထဲကသော့တစ်
ချောင်းရွှေးပြီးထိုတံခါးကိုဖွင့်ပေးသည်။" အချိန်ခဏဘဲယူမယ်..
မောင်မင်းလိုက်မလာနဲ့..
အပြင်ကဘဲတစ်ခြာသူထပ်မလာနိုင်အောင်
စောင့်ကြည့်ထား..တစ်စုံတစ်ယောက်ဧည့်တွေ့လာရင်လဲ
ဒီနေ့တွေ့ခွင့်မရှိဘူးလို့ပြောလိုက်..
ကျုပ်စကားပြောနေချိန်တစ်စုံတစ်ခုအနှောက်အယှက်
ဖြစ်ရင်မောင်မင်းရာထူးအပြုတ်ဘဲ''ခြိမ်းခြောက်စကားဆိုတော့သော့ကိုင်တဲ့
ထောင်မူးခေါင်းအသွင်သွင်ငြိမ့်ကာ
ထွက်သွားသည်။'' ကျွိ ''
အခန်းတံခါးဖွင့်သံကြောင့်သတင်းစာကို
သည်းကြီးမဲကြီးငုံဖတ်နေတဲ့ဦးရာဇ။အဖြူရောင်ထောင်သားဝတ်စုံကို
ဆွဲ့ဆန့်ရင်ထရပ်လာသည်။'' မောင်မင်းးးးး ''!!
'' ကျုနုပ်ဆီ ဘာအရေးကိစ္စရှိလို့လာတာလဲ''??
ဒေါသတွေခက်ထန်နေတဲ့ဦးရာဇကို
ခပ်မဲ့မဲ့ပြုံးကြည့်ပြီးဦးရာဇအရှေ့ကခုံလွှတ်
တစ်လုံးမှာဝင်ထိုင်လိုက်လေသည်။" ဒေါသတွေကြီးလိုက်တာ..ဦးရာဇရာ
ကျုပ်လာရင်အကြောင်းခြင်းရာကိုသိပါရဲ့နဲ့
မသိကျေးကျွန်ပြု့ပြီးမမေးပါနဲ့လား
ဦးရာဇဘဲမောမှာပေါ့..ကျုပ်အကြောင်း
ကောင်းကောင်းသိပါရဲ့နဲ့ ကျုပ်ရန်သူကို
ရေးလာမြောင်းပေးထောက်ပံ့တဲ့ခင်များလို
လူထံကျုပ်ဘာကိစ္စနဲ့လာမယ်ထင်လည်း..
အားယားနေလို့လာတယ်ထင်ရင်..
ဦးရာဇသိပ်အသွားမှာပေါ့ မဟုတ်ပေဘူးလား..
ကဲပြောပါအုန်း.. ကျုပ်ဆီဖြေရှင်းချက်လေးပေးပါအုန်း
ဦးသိက္ကကိုဖွက်ထားရတဲ့အကြောင်းအရင်းလေး..
အာ.. မှားလို့.. ဓားပြတိုက်ဖို့ကူညီရတဲ့အကြောင်းအရင်း
လေး.. ''
YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...