Part ( 42)

8.1K 307 2
                                    


Unicode

တိမ်တိုက်အဖြစ်အပျက်တွေပြီးကတည်းက
ဦးစျာန်ပြန်လာနိုးနိုးနဲ့မျှော်နေမိသည်။

သူအဖမ်းခံရတဲ့သတင်းကြားပြီး
ဦးစျာန်များအမြန်ပြန်လာမလားဆိုတဲ့
အတွေးနဲ့ပေါ့။

သို့ပေမဲ့မျှော်တာမျှော်ပေါ်မလာဆိုသလို
ဒီတစ်ပတ်လုံးဦးစျာန်အရိပ်အယောင်ပင်
မတွေ့ရ။

အောင်ကြီးနဲ့သားစိုးကျေးဇူးမို့သာ
လူရမ်းကားတွေလက်ထဲကသူလွှတ်ခဲ့သည်။
ဦးစျာန်​ပြောသလိုအိမ်မှာနေလို့လည်း
လုံခြုံခြင်းမျိုးမဖြစ်လိုက်။

သို့​ပေမဲ့အောင်ကြီးနဲ့သားစိုးအချိန်မှီလာကယ်
ထဲကဒီလိုဖြစ်မယ်မှန်းဦးစျာန်အစထဲကကြိုသိ
ထားလောက်သည်။

အဲ့လိုဘဲ ကျုပ်ဦးစျာန်ကလူဆိုး။
ကိုယ့်ယောကျာ်းကိုယ်ဝန်ကြီးနဲ့ဟာကို
ဂရုစိုက်မယ်မရှိ။အဝေးတစ်နေရာက
သူ့တာဝန်သူ့အလုပ်တွေဘဲဦးစားပေးလွန်းတယ်။

ပြန်လာပါစေ..။သူစိတ်ကောက်ပစ်အုန်းမယ်။

ထိုအတွေးကိုတိမ်တိုက်တွေးရင်းနှုတ်ခမ်း
လေးမသိမသာထှော်လိုက်သေး၏။
တွေးသာတွေးသည်။စိတ်ကောက်ပြီး
နေဖို့ကျသူလုပ်ပါ့လုပ်နိုင်ပါ့မလား။

ဦးစျာန်ကိုစိတ်မဆိုးစိတ်မကောက်နိုင်လောက်တဲ့
အထိသူချစ်မိနေပြီမလား။

အရမ်းကြီးမပေါ်သေးတဲ့ဗိုက်လုံးသေးသေး
လေးပေါ်လက်လေးအုပ်၍ နှုတ်ခမ်းတစ်ချက်စူကာ။

" ပေါက်စသိလား.. ပေါက်စ
ဖေဖေကလေ..သိပ်ဆိုးတာ..ပေါက်စနဲ့
ေဖ့ ကိုပစ်ထားတယ်..တစ်ပတ်ကြီးများတောင်
ဖေ စိတ်ဆိုးလိုက်ရမလား..အင် ဒါမှမဟုတ်
စကားမပြောဘဲ တစ်ပတ်လောက်နေလိုက်ရမလား..
သူဖေ တို့ကိုပစ်ထားဒါနဲ့ညီမျှအောင်လေ ''

ချစ်စရာကောင်းနေသူလေးကို
ဘုရင် ဒေါင့်ကွယ်ကကြည့်ရင်းပြုံးနေမိသည်။

ကားသံမကြားလောက်အောင်အတွေးနယ်
ချဲ့နေသူကမမွေးသေးတဲ့ ဗိုက်ထဲက
ပေါက်စလေးနဲ့စကားပြောနေသည်တဲ့လေ။

ဒါတင်မကသေးဘူးပြောနေတဲ့စကားတွေကလဲ
ကျုပ်ကိုစိတ်ကောက်ဖို့နဲ့စိတ်ဆိုးဖို့အတွက်
ပေါက်စနဲ့တိုင်ပင်နေသည်တဲ့။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now