Part ( 16 )

10K 535 11
                                    

Unicode

လယ်သမားတိုင်းနီးပါး..ဆုံးရှုံးမှု့များရင်
များသလိုထောက်ပံ့မှု့ကိုပိုလုပ်ပေးသည်။

ဧက္ကရာဇ်မင်းစျာန်ရဲ့ အမိန့်ကို
မော်ကွန်း..အောင်ထိုက်နဲ့..မျိုးနိုင်တို့.
တစ်သွေမသိမ်းအကုန်လိုက်လုပ်ရသည်။

ငွေအကုန်အကျကိုဧက္ကရာဇ်မင်းစျာန်
စိုက်ပေမဲ့လုပ်အားကိုတော့
သူတို့သုံးယောက်စိုက်ရသည်။

" အထွက်တိုးဖို့က ခင်များတို့တာဝန်ဘဲဗျ
ကျုပ်တို့ကတော့..ကုန်ကြမ်းဘဲ
ချပေးနိုင်တယ် ကြိုးစာကြဗျာ..
ထွက်တဲ့စပါးတင်းရေတိုင်း..ကျုပ်တို့..
စျေးကောင်းပေးပြီး.. ယူပေးမယ်
အထွက်တိုးအောင်သာလုပ်ကြအရှုံးမရှိအောင်
စီစဥ်ပေးတာကြောင့်လယ်အပေါ်ဘဲအားခဲ
လုပ်ကြစေခြင်တယ်''

" ကျေးဇူ့တင်ပါတယ်ရှင်..မဟုတ်ရင်..
အဒေါ်တို့တော့ ထမင်းတောင်နှပ်မှန်အောင်
စားရမယ့်ကိန်းမရှိဘူး''

" မလိုပါဘူးအဒေါ်.ကျုပ်တို့က..
လုပ်ရုံဘဲလုပ်ပေးရတာ အဒေါ်တို့တစ်ကယ်
ကျေးဇူ့တင်ရမှာက.. ကျုပ်တို့အရာရှိမင်းကို
ငွေအားကောကုန်ကြမ်းကောထုတ်ပေးထားတာ''

"သူကြီးသမက်..အရာရှိကလား..
သူကအဲ့လိုစိတ်ထားရှိလို့လား..
ဟိုနေ့ကသူကြီးနဲ့လုံမပျိုနွယ်နွယ်ကို
ဗွက်အိုင်ထဲလူးခဲ့တာကြမ်းကျုတ်တဲ့လူမျိုး
မဟုတ်ဘူးလား''?

ရွာသူရွာသားတွေစု့ဝေးနေတဲ့
ရွာဦးဘုန်းကြီးကျောင်းထဲ။
ကူညီတဲ့ပစ္စည်းကိုကျယူပြီးဘယ်သူ
ကူညီလို့ကူညီမှန်းကမသိကျပေ။

သိပြန်တော့လဲလက်မခံတဲ့အပြင်
ကြမ်းကျုတ်တဲ့လူဟုလည်းပြောကြသေး။

လူတွေကသူတို့မျက်စိမြင်တာကိုဘဲ
အဟုတ်မှတ်ပြီးနောက်ကွယ်မှာဘာတွေဖြစ်ခဲ့လည်း
ဆိုတာတော့မမြင်ကြဘူး။

အစစအရာရာဦးဆောင်နေတာမျိုးနိုင်မို့
ရွာသူရွာသားအားလုံးနဲ့စကားပြောရတာလည်း
မျိုးနိုင်သည်သာ။

" ခင်များတို့တွေက အဲ့တာဘဲ..
ကျုပ်တို့အရာရှိမင်း..မကောင်းတာလုပ်တာကိုကျ
မြင်ပြီး..မပစ်ပြောကြတယ် လုပ်ရတဲ့အကြောင်းအရင်း
ကိုကျ မသိကြဘဲ.. ဒီမှာ.. ခင်များတို့ရွာသူနဲ့
ခင်များတို့သူကြီးက..ကျုပ်တို့အရာရှိကို
အရင်ဒေါသထွက်အောင်လုပ်သွားတာ''

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းOù les histoires vivent. Découvrez maintenant