Part ( 25 )

8.4K 356 4
                                    

Unicode

နေရောင်ခြည်နွေးနွေးအောက်မှာ
ရင်ခွင်ထဲကွေးကွေးလေးအိပ်နေတဲ့
ကောင်လေး။

အိပ်ပျော်နေသူကိုမနိုးရက်သေးတာမို့
အသာရင်ခွင်ထဲထုတ်ပြီးအရင်အိပ်ယာ
ထလိုက်သည်။

မျက်နှာသစ်ရေချိုးပြီးချိန်အထိ
ညကအအိပ်ပျက်သွားတဲ့ကောင်လေးက
အပေါ်ပိုင်းအဝတ်ကင်းမဲ့စွာအိပ်စက်နေတုန်း။

စောပါးလေးကျေးဇူးနဲ့အောက်တစ်ပိုင်လုံခြုံ
သော်လည်းစောင်ကိုဘေးဇောင်းအိပ်ရင်း
ပေါင်ကြားခွထားဒါမို့ပေါင်းတစ်ဝက်ကနေ
ခြေချောင်းသွယ်သွယ်လေးတွေအထိမြင်
နေရသည်။

ရုံးမှာ
အရေးကြီးတဲ့မှု့ခင်းအချက်အလက်တွေ
လက်ထောက်ရဲမင်းကြီးတင်သွင်း
ချက်ပို့ထားဒါကြောင့်သွားရောက်စစ်ဆေးရမည်။

မနက်စာကိုဒေါ်နု့ပြင်ပေးတဲ့
ပေါင်မုန့်နဲ့ကော်ဖီဒါစားသည်။
အနောက်ဘက်
လူယုံတစ်ယောက်ကိုကားမောင်းခိုင်းပြီး
ရုံးရှိရာမြို့လယ်သို့ထွက်လာလိုက်၏။

" မြို့အုပ်မင်း ရုံးတက်တယ်ဟေ့...!!
ကြုံတောင့်ကြုံခဲဘဲဗျ... '!

ဖိုင်တွဲယူဝင်လာတဲ့လက်ထောက်ရဲမင်းကြီး။

" ရဲမင်းကြီးက.. ကျုပ်ကို
ရွဲ့နေတာဘဲ.. ရဲမင်းကြီးသိတဲ့အတိုင်း
ကျုပ်ဆိုတဲ့ကောင်က.. အလုပ်သိပ်များကိုဗျ ''

" ဟားဟား..သိပါ့ဗျာ..သိပါ့.. သြော်ဒါနဲ့..
ကျုပ်မေးမယ်မေးမယ်နဲ့..မြို့အုပ်မင်းကို
မမေးရသေးတာရှိတယ်ဗျ.. ထွက်နေတဲ့
သတင်းတွေကအမှန်တွေဘဲလားဗျ''

ဓားပြမှု့ဖိုင်တွဲကိုစစ်နေတုန်း
ရဲမင်းကြီးရဲ့အစအဆုံးမရှိတဲ့စကား
ကြောင့်ကြောင်အစွာကြည့်မိသည်။

" ဘာသတင်းလဲဗျ.. ကျုပ်သတင်းလား..
သို့မဟုတ်.. မှု့ခင်းသတင်းလား
ရှင်းအောင်ပြောပါရဲမင်းကြီးရာ''

" ဟာ.. ခင်များသတင်းလေဗျာ..''

" ကျုပ်သတင်း.. ''

" ဟ.. ခင်များသတင်းခင်များမသိပေဘူးလား
မြို့အုပ်မင်းဧက္ကရာဇ်မင်းစျာန်နဲ့..
ဒေါက်တာပျိုလေးမခက်နှောင်းနွယ်
တို့ရဲ့သတင်းလေ''

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now