Unicode
မြို့အုပ်မင်းကတော်တွေနဲ့
တစ်ရုန်းရုန်းဖြစ်နေတဲ့ ပါတီကြား
လွမ်းထိုက်အိမ်တစ်စုံတစ်ယောက်ကိုရှာဖို့
ဝင်သွားရသည်။အမျိုးသမီးတွေဖြစ်တဲ့အပြင်မြို့မျက်နှာဖုံး
အရာရှိတွေရဲ့အမျိုးသမီးတွေဖြစ်ပါရဲ့နဲ့
မူးရူးပျော်ပါးနေကြသည်က
မြင်မကောင်းဖွယ်။လူဂုဏ််တန်အတိုင်းအဝိုင်းတွေကြားထဲမှာမှာ
မူးပြီးမှောက်နေတဲ့လူတစ်ယောက်။" ကိုမျိုးနိုင်..''
နေရာတကာမူးရူးနေသူက.. မှန်ပါသည်။
လူတွေလေးစားအားကျ
ရပါတယ်ဆိုတဲ့မြို့အုပ်မင်းဧက္ကရာဇ်မင်းစျာန်
ရဲ့အချစ်ဆုံးသူငယ်ချင်း။" ပြန်ကြမယ်... ''
" ဘယ်လဲ..ယူလေးက..အခု့မှရောက်လာပြီး
ဒို့ လူကိုခေါ်သွားခြင်ရအောင်.. ''ပစ်ချွဲချွဲအသံနဲ့အမျိုးသမီးက
မကြာခင်ကမှမြို့အုပ်ရာထူးရရှိသွားတဲ့
မြို့အုပ်ပေါက်စရဲ့ ဇနီးသည်။" ကျုပ်ဘယ်သူဆိုတာ..ခင်များအသေးစိတ်
သိဖို့မလိုဘူး..ခင်များယောကျာ်း
မြို့အုပ်ရာထူးပြုတ်အောင်လုပ်နိုင်တဲ့
လူအမျိုးအစားထဲကဆိုတာဘဲသိထား''?" ရှင်.. ''!!
အမျိုးသမီးခေါင်းငုံ့သွားမှမူးမှောက်နေတဲ့
ကိုမျိုးနိုင်ကိုတွဲပြီးပါတီထဲကထွက်ခဲ့လိုက်သည်။ပထမတော့ဒီလိုပေါစားဆန်တဲ့ပါတီမျိုးကို
လွမ်းထိုက်အိမ်လာဖို့အစီအစဥ်မရှိဘူး။
ကိုမျိုးနိုင်ကိုအလုပ်သမားတစ်ယောက်နဲ့
ပြန်ခေါ်ခိုင်းမလို့ဘဲ။ဒီလိုအမျိုးသမီးတွေ
ရစ်မှာသိနေလို့ကိုယ်တိုင်လာခဲ့ရခြင်း။ကားဆိုက်တာနဲ့ အနောက်တန်းက
လူယုံနှစ်ယောက်ကိုမျိုးနိုင်ကိုသူ့အခန်းသူ
တွဲပို့ပေးသည်။ပြသနာဖြစ်ပြီးနောက်ပိုင်းမြို့အုပ်က
ကိုမျိုးနိုင်ကိုသူ့စံအိမ်မှာဘဲ
နေခိုင်းထားခြင်း။ ကိုဝင်းစိုးသေလို့
ကိုမျိုးနိုင်ပေါ်စိတ်တိုနေပေမဲ့
ကိုမျိုးနိုင်ခံစားနေရတာမျိုးကိုလည်း
မကြည့်နိုင်သေးပေ။
YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...