Part ( 41)

7.5K 311 2
                                    

Unicode

" မျိုးနိုင် ငါ့ကို အခု့ချက်ခြင်းလွှတ်စမ်း..''!!!

" မင့်ပါးစပ်ပေါက်ကိုပိတ်ထား! !
ခက်နှောင်းနွယ်.. ထိန်းချုပ်ထားတဲ့
ငါ့ဒေါသတွေက..လေပြေလေးမဟုတ်ဘူး
မုန်းတိုင်းကွ..မုန်တိုင်း! ..ငါမြတ်နိုးတဲ့လူတွေကို
တစ်မျိုးပြီးတစ်မျိုးဒုက္ခပေးထားတဲ့
မင့်ကို ငါလွယ်လွာ်ကူကူလွှတ်ပေးမယ်ထင်လား
ဝေးသေး.. မင်းလိုမိန်းမက အပြင်ဒဏ်ရာကြောင့်
မဟုတ်ဘူး..ရင်ဘတ်ထဲနှလုံးသားထဲအထိတစ်နှုတ်နှုတ်
ခံစားပြီးသေရမှာ..အဲ့လိုဖြစ်အောင်လည်း
ငါကစီစဥ်အုန်းမှာ...''

" နင်..နင်.. !! မျိုးနိုင်..ငါ..ငါက.
နင့်သူငယ်ချင်းနော်.. မဟုတ်တာတွေ
ပြောပြီး..ငါ့ကို ရမယ်ရှာမနေနဲ့..
အသုံးမကျလို့ ခံရတဲ့တိရိစ္ဆာန် တွေ
ကြောင့်ဘာလို့ငါကအပြစ်ပေးခံရမှာလဲ
သူတို့ အ လို့သူတို့ခံရတာ နည်းတောင်နည်းသေး...''

" ဖြောင်းးးးးးး ''!!!

" အာ့... ''!

လက်သံပြင်းတဲ့ရိုက်ချက်က သူမကိုချုပ်တဲ့
မျိုးနိုင်လက်တွေ လွှတ်ထွက်သွားပြီး
မြေပြင်ပေါ်ပုံရက်လဲကျသွားသည်။

ရိုက်ချက်ပြင်းလွန်းတာကြောင့်
ပြန်မော့မကြည့်နိုင်သေးတဲ့သူမ
ပါးစပ်ကနေသွေးတွေထွပ်ကျသွားသည်မှာ
မြေပြင်မှာအိုင်လို့။

မျိုးနိုင်ကိုယ်တိုင်လဲဒေါသတစ်ကြီး
ရိုက်ချလိုက်တဲ့ ဘုရင့်ကိုနားမလယ်နိုင်
ဖြစ်သွားသည်။

ဘာလို့ရုတ်တစ်ရက်ကြီးရိုက်ချလိုက်တာလဲ
ဆိုတာကိုတစ်ဖြေးဖြေးခြင်းပြန်တွေးကြည့်မှ
သူမရိုက်ခံသင့်ကြောင့်သိသွားသည်။

မကောင်းတာလဲလုပ်သေး။သူငယ်ချင်းတွေကို
စော်ကားနေတဲ့သူမ..သွေးထွက်ရုံမကဘဲ.
ဇက်ပါကျိုးသွားရမှာ။

မြေပြင်ကိုလက်ထောက်အားပြု့ပြီး
မော့ကြည့်လာတဲ့သူမ ။အကြည့်တွေက
နီးရဲလို့နေတာကြောင့်ဘယ်လောက်မခံသိမခံ
သာဖြစ်ပြီးဒေါသထွက်နေလဲအသိသာကြီး။

" ဘုရင်....!!. အဟွတ့် ''

ဘုရင်ကိုအော်ဖို့သူမကြံလိုက်ပေမဲ့
ပါးစပ်ထဲကထပ်ထွက်လာတဲ့သွေးတွေ
အပြင်နှခေါင်းကပါကျလာတဲ့သွေးကြောင့်
ဦးခေါင်းထဲကတစ်စုံတစ်ခု့ပျက်စီး
သွားပြီဆိုတာသိလိုက်သည်။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now