Unicode
အခု့တစ်လောကြီးတော်ပုံစံကြည့်ရတာမူမမှန်။
ဟိုဟာလုပ်ရင်လဲလွဲလျှော်ဒီဟာလုပ်ရင်လဲ
လွှဲလျှော်ဖြင့်။အခု့လည်းကြည့်
လက်ကိုရေနွေးပူလောင်နေပြန်ပြီ။" သတိထားလုပ်မှပေါ့ကြီးတော်ရာ..
တော်သေးတာပေါ့လက်ကလေးနည်းနည်းဘဲ
ထိလို့.. ကြီးတော်ရယ်..ဒီရေနွေးက
ကြီးတော်မသည်လည်းဖြစ်တာကို။
ကျန်တဲ့အလုပ်သမားတွေခိုင်းပေါ့''" သူတို့လည်းသူတို့အလုပ်နဲ့သူတို့ပါ
အရာရှိကတော်ရယ်. မီးဖိုချောင်အလုပ်ဆိုတာ
ဒေါ်နု့အလုပ်.. ဒေါ်နု့ဘဲလုပ်ရမှာပေါ့
သူတို့ကိုသွားခိုင်းလို့ဘယ်ဖြစ်မလဲ''" ဟင်..ဒီလိုဆိုကြီးတော်ကိုထမင်းချက်ကူဖို့
အိမ်ကူတစ်ယောက်ဦးစျာန်ကိုခေါ်ခိုင်းရမယ်''" အိုမဟုတ်တာ.. ကြီးတော်လုပ်နိုင်ပါတယ်''
" ဘာလုပ်နိုင်တာလဲဗျ.. လက်ကသက်သေခံနေတာကို''
" ဒါက.. ''
ဒဏ်ရာကိုဆွဲထုတ်ပြပြီး မကြေမနပ်
ပြောလာတဲ့အရာရှိကတော်ကြောင့်
ဒေါ်နု့ဘားမှဆင်ခြေမပေးခြင်တော့ပေ။" ေဒါ်နု့ သားဝင်းစိုးကိုသတိရနေလို့ပါ
မကြာခင် သားဝင်းစိုးရဲ့မွေးနေ့ရောက်တော့
မယ်လေ''" ကိုဝင်စိုး.. ဟိုဦးစျာန်သူငယ်ချင်းလား''
ကျုပ်မေးတော့ဒေါ်နု့ခေါင်းငြိမ်ကာ
ဖြေသည်။" သတိရရင်သွားတွေ့ပေါ့ကြီးတော်ရဲ့
လက်အထိခိုက်ခံပြီးရင်ထဲသိမ်းထားနေတယ်''" သွားတွေ့လို့ရရင်လိုက်သွားတွေခြင်
တာပေါ့.. အရာရှိကတော်ရဲ့
သေပြီတဲ့လူကိုသွားတွေ့ဖို့က
ဘယ်လိုဖြစ်နိုင်မှာလဲ''" ခင်မျာ.. ''!
ကိုဝင်စိုးကသေပြီ။မဟုတ်သေးပါဘူး
ဟိုတစ်လောကမှဦးစျာန်နဲ့ကိုမျိုးမင်းပြောတာ
ကြားလိုက်ပါတယ်။ကိုဝင်းစိုးမသေဘူးလို့။" တစ်ခု့ခု့မှားနေပြီဗျ.. ကိုဝင်းစိုးမှ
မသေဘဲကို.. ကြီးတော်သွားတွေ့လို့ရပါတယ်''" ဟင်.. ''
ဒေါ်နု့အတော်အံ့သြသွားရသည်။အံ့သြသသည်ထက်
ဝမ်းသာသွားရသည်ဆိုပိုမှန်လိမ့်မည်။
သူမသားအရင်းလိုချစ်ရတဲ့ကောင်လေးက
မသေဘူးတဲ့လား။
YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...