Part ( 9 )

9.7K 417 13
                                    

Unicode

" ဘယ်အချိန်က ပြန်ရောက်နေတာလဲ
သားရယ်.. အမေဖြင့်သားကိုစိတ်ပူနေတာ
အရာရှိမင်း.. သားကိုဘာလုပ်သေးလဲ.
ထိခိုက်ဒဏ်ရာရအောင်အနိုင်ကျင့်သေးလား
ပြစမ်းပါအုန်း အမေ့သားလေးရယ်
သားဒါတစ်ခု့ခု့ဖြစ်ရင်အမေရင်ကျိုးမှာ''

တိမ်တိုက်လင်းညို ခန္ဓာကိုယ်တစ်ခုလုံး
ဟိုဘက်တွန်းလှည့်ဒီဘက်တွန်းလှည့်ဖြင့်
ကြည့်နေတဲ့အမေဖြစ်သူကြောင့်
စိတ်တွေအကြီးအကျယ်ညစ်သွားရသည်။

အမေ့ရဲ့ဘယ်မေးခွန်းကိုကျုပ်ဖြေရမှာလဲ။
ဘယ်အချိန်ဘယ်ရောက်သလဲဆိုတဲ့မေးခွန်းကိုလား။
ကျုပ်ပါ့မသိဘဲ။ကျုပ်နိုးတော့ချောင်လုံရွာ
ရောက်နှင့်နေပြီ။

ပြီးတော့ အရာရှိမင်းသားကိုဘာလုပ်သေးလဲတဲ့။
ကျုပ်ဘယ်လိုဖြေရမှာလဲ။အရာရှိမင်းက
ကျုပ်ကိုမုဒိန်းကျင့် တယ်လို့ဖြေရမလား။
အဲ့လိုဖြေရအောင်ကျုပ်ကမိန်းမပျိုလေးမှမဟုတ်။
ယောကျာ်း။ယောကျာ်းမှယောကျာ်းစစ်စစ်။
တစ်ရွာလုံးကောအဘပါမကျန်ပတ်ဒုက္ခပေးတဲ့ကောင်။

" သားခြေထောက်..ခြေထောက်ကဘာဖြစ်တာလဲ''

" အာ..ဟို. ""

" တိမ်တိုက်လင်းညို..အမေ့ကိုမလိမ်ဘဲ​ဖြေ
ခြေထောက်ကဘာဖြစ်တာလဲ''

အမေ့ပုံစံကြည့်ရတာခြေထောက်ပတ်တီးကြောင့်
ဒေါအတော်ပွနေပြီထင်တယ်။အိမ်ပေါ်ရောက်ပြီး
လို့ထိုင်ချပြီးမှအိမ်နောက်ဖေးမီးဖိုကထွက်လာတဲ့အမေ။
ခြေထောက်ဒဏ်ရာကိုအခု့မှမြင်တဲ့ပုံ။

အဘကတော့အိမ်မှာမရှိဘူး။
ဘယ်သွားနေလဲလည်းအခု့ထိကျုပ်အမေ့ကို
မေးခွင့်မရသေးဘူး။

နှစ်ပတ်လောက်မတွေ့ရတဲ့သားကို
အလွမ်းသယ်မဆုံးဖြစ်နေလို့လေ။

" ဟို..အရာရှိဆိုတဲ့ကောင်လုပ်တာလား..''

" ဗျာ..''

" ဒင်းက ဘာမို့ သားခြေထောက်ကို
ထိခိုက်အောင်လုပ်ရတာလဲ..
တိမ်တိုက်လင်းညို.. ! မင့်မှာပြန်လုပ်ဖို့
ခြေတွေလက်တွေမပါဘူးလား..
ဘာလို့ခြေကျိုးရက်နဲ့အိမ်ပြန်လာရတာလဲ''

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now