Unicode
" ဘာသတင်းရခဲ့လည်း ''
" မြို့အလွန်ပတ်လမ်းမှာ မှောက်တာပါ
အရာရှိမင်း.. ဖမ်းမိတဲ့ဓားပြခေါင်းဆောင်
ကောကားပေါ်ပါသွားတဲ့ ရဲဘော်တွေကော
သေသွားပါတယ်.. ''?'' တိမ်တိုက်လင်းညို ကော ''
'' ရထားဘူတာ မှာဘဲ..ကျုပ်တို့ပြန်ဖမ်းမိ
ထားပါတယ်..အခု့တော့.မြို့ကအရာရှိမင်းရဲ့
စံအိမ်တော်မှာပါ''" သွားတော့.. ''!
မင်းထက်ဇော်ထွက်သွားတော့..
ဧက္ကရာဇ်မင်းစျာန်..ပွတ်ချွန်းလိပ်ကို
ငုံခဲလိုက်သည်။ပြေးခြင်တာပေါ့အပုလေး။ဘယ်လောက်ဝေးဝေး
ပြေးနိုင်မှာမို့.. အရဲစွန့်ရတာလား။
မင့်ယောကျာ်းက မင်းကြီး( မြို့အုပ် )တစ်ပါး..ဆိုတာများ
မေ့ရော့သွားဒါလား။.စောင်ပုံထဲကထွက်သွားတဲ့ကလေးကို
စိတ်ကြိုက်လုပ်ဖို့အသာလေးမှိန်းကြည့်
နေလိုက်တာ။စက်လှေမောင်းပြီး
ထွက်ပြေးတဲ့ကလေးကရွာကပါထပ်ထွက်
ပြေးသတဲ့လား။ရရိုးလားကွာ။မင်းတစ်ပါးရဲ့
နှလုံးသားကိုအရယူပြီးထွက်ပြေးတာ
သိပ်ကိုအပြစ်ကြီးလွန်းသွားပြီ။အဖေကိုမုန်းပေမဲ့သားကိုချစ်နေတဲ့
ကျုပ်အရာရာကိုအလျော့ပေးရတော့မှာဘဲ။
တမလွန်ကသူကြီးနဲ့သူဌေးကတော်
ကျုပ်လုပ်ရပ်ကိုနားလည်ပေးကြဖို့မျှော်လင့်ပါတယ်။" ကိုဇော်.. ဓားပြပို့တဲ့ ကား.မှောက်လို့ဆို''
စိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့မေးလာတဲ့ကောင်လေး။
မင်းထက်ဇော်တည်ငြိမ်စွာနှင့်။" အင်.. ကားပေါ်ပါတဲ့လူအားလုံး
သေကုန်ကြတယ်..ပတ်လမ်းဆိုတော့.
တော်တော်ဆိုးဆိုးဝါးဝါးဘဲ''" ဗျာ..ဒါ..ဒါဆို...အောင်ကြီး..
အောင်ကြီးကောလား''?" ဘာ...! အောင်ကြီးပါသွားတာလား..
ဟာ..ဒါကြောင့်လူစုစု့ပေါင်းခြောက်ယောက်လို့ပြောတာ
သွားပါပြီကွာ''!မင်းထက်ဇော်.ဘားမှမသိတဲ့လူတစ်ယောက်လို
အော်ဟစ်လိုက်တော့မြေပြင်ပေါ်
ခွေကျသွားတဲ့ကောင်လေး။မျက်ဝန်းမှာ
မျက်ရည်တွေအပြည့်ဖြင့်။
YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...