Unicode
" သဇင်အေး ဆုံးတဲ့ကိစ္စ မင်းဘာလို့
ငါ့ကိုမပြောခဲ့တာလည်းဘုရင်..''မျိုးနိုင်သဇင်အေးကိစ္စကြောင့် မခံမရပ်နိုင်
ဖြစ်နေပေမဲ့လက်ရှိသူဂရု့စိုက်နေရတာက
ဝင်းစိုးဖြစ်နေသည်မို့ အကြောင်းစုံကိုသိခြင်ပေမဲ့
ဝင်းစိုးကိုအရင်အနားယူခိုင်းဖို့အိမ်ပေါ်ခေါ်တတ်သွား
လေသည်။ကျန်ခဲ့သူနှစ်ယောက်ထဲဖြစ်ပေမဲ့
မော်ကွန်းအဖြစ်အပျက်တော်တော်များများကို
မသိခဲ့ရ၍ ဘုရင့်အား မေးနေခြင်း။ဘုရင် ပွတ်ချွန်းကို ရှ်ိုက်ဖွာရင်း..။
" ငါလည်း..သိတာမကြာသေးဘူး..
သဇင်အေးမိဘတွေက အာဏာအရှိန်ငွေအရှိန်ကို
ကြောက်ပြီးသူ့သမီးသေတာကို တိုးတိတ်နေကြတော့
အားလုံးကသဇင်အေးကို မျိုးနိုင်ကိုစိတ်နာလို့
အဝေးဆုံးထွက်သွားတယ်ဘဲထင်နေကြတာ
ရဲမင်းကြီးရဲ့ စေ့စပ်သေခြာမှု့ကြောင့်သဇင်အေး
ကိစ္စကိုလျှို့ဝှက်ခံထားရတဲ့ကြားကသိခဲ့တာ
သဇင်အေးမိဘတွေကလည်း.ရဲမင်းကြီးရဲ့
စစ်မေးမှု့တွေကို မလိမ်ညာရဲတော့ဘဲဖြေခဲ့ကြလို့
လည်းပါတာပေါ့ ''" နှောင်းခက်နွယ်က ဘာကြောင့် သဇင်အေးကို
သတ်ရတာလဲ.. အကြောင်းမဲ့သက်သက်တော့
သတ်မှာမဟုတ်ဘူးမလား..''" ဒါတော့ ငါလည်း.အခု့ထိမသိသေးဘူး..
စုံစမ်းနေဆဲဘဲ..သိသိကျကျကတော့သေသူနဲ့
ကျူးလွန်သူဘဲသိလိမ့်မယ် ..''" ဒီအတိုင်းဆို သူ့ကို လွှတ်ထားလို့
မဖြစ်တော့ဘူးဘုရင်.. နှောင်းခက်နွယ်က..
သိပ်ကိုမာယာများတဲ့မိန်းမတစ်ယောက်..
ကြာလာရင် သူဘယ်လိုအကွက်ရွှေ့မလည်း
မသိနိုင်ဘူး.. ''" ဒီကိစ္စကို မျိုးနိုင်ကို လွှတ်ထားလိုက်ပါ
ဦးသိက္က ကိစ္စဘဲ စီစဥ် ကြတာပေါ့ ''" ဦးစျာန်.. ''
ချိုချိုအေးအေးခေါ်သံချွဲချွဲလေးကြောင့်
ဘုရင်နှောက်ပြန်လှည်ကြည့်လိုက်တော့
စုတ်ဖွာနေတဲ့အုန်းမှုက်ခွက်ဆံပင်ပွပွလေးနဲ့
အိပ် ချင်မပြေသေးတဲ့ မျက်လုံးလေးတွေကို
လက်နဲ့ပွတ်ပြီးအောက်မကြည့်ဘဲလျှောက်လာသည်။
YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...