နေ့ရက်တိုင်းဟာတစ်နေ့ထက်
တစ်နေ့ပိုပိုပြီးအဓိပ္ပါယ်ရှိရှိလာသည်။ဦးစျာန်နဲသား ကျုပ်အနားမှာရှိနေခြင်းက
အကောင်းဆုံးဆုလဒ်တစ်ခု့လိုဘဲ။
ငိုခြင်းလည်းသူတို့အတွက်။
ရယ်ခြင်းလည်းသူတို့အတွက်ဖြစ်လာတယ်။ပြသနာတွေကြားက အကောင်းဆုံးအချိန်တွေ
အထိ ဆူတစ်လှည့် ရိုက်တစ်လှည့်နဲ့
ဦးစျာန်က. ကျုပ်ကိုဒီလိုကြည်နူးစရာ
ကောင်တဲ့မိသားစုကမ္ဘာထဲရောက်အောင်
ဆွဲခေါ်ခဲ့တာ။ကျုပ်မိဘတွေအပေါ်အမုန်းရှိနေတာတောင်
ကျုပ်အပေါ်အသက်သမျှချစ်ပေးခဲ့သည်။
ပြောရရင်ဦးစျာန်ကျုပ်အတွက်
မရှိမဖြစ်အသက်သွေးကြောမျှင်ကို
ဖြစ်လို့။" အပုလေး "
".ဗျာ.. ''
" ဘာတွေ ကြည့်ပြီး.အတွေးတွေလွန်နေတာလဲ ''?
ညသန်းခေါင်ယံ တောင်ရောက်လို့
နေပြီ။လေဝင်ရာပြတင်းပေါက်မှာ
ရပ်ရင်ကျုပ်အတွေးတွေနယ်လွန်နေခဲ့တာ
ဦးစျာန်အနားရောက်လို့ရောက်လာမှန်းမသိ။ကျုပ်နောက်ကြောကနေသိုင်းဖက်လိုက်
တော့ကျုပ်ခန္ဓာကိုယ်က သူ့ရင်ခွင်ထဲကို
မြုပ်လို.။ကျုပ်တစ်ချက်ပြုံးပြ၍။
" သား အိပ်ပြီလား ဦးစျာန် ''
'' အွန် ..အိပ်သွားပြီး.. တော်တော်တော့
ဂျီကျခံလိုက်ရတယ်..ဟက်.. သားက
အဆိုးလေးသိလား.. ကိုယ် လက်ပေါ်က
ချတာနဲ့တန်းငိုတာဘဲ.. အခု့တောင်အိပ်မှိန်းကျ
သွားလို့.. ဘယ်အချိန်နိုးပြီး ထအော်အုန်းမလဲမသိဘူး''ဦးစျာန်စကားကြောင့် ကျုပ်ပြုံးသာ
ပြုံးနေလိုက်သည်။လေအေးတွေဘယ်လောက်တိုက်တိုက်
နွေးထွေးတဲ့ဦးစျာန်ရင်ခွင်က
လုံခြုံမူ့အပြည့်ပေးသည်။" သားက ဦးစျာန်နဲ့တူဒါလေ..
ဆိုးတာလေးကအစ '''' သြော်.. ကိုယ့်အပု့လေးက လိမ္မာခဲ့တာကြလို့
ကိုယ့်ကိုပြောနေတာ..'''' ဟီး... ကျုပ်လည်း..ဆိုးခဲ့ပါတယ်
ဒါပေမဲ့အရင်က.. ဦးစျာန်က အခု့လည်း
ဆိုးသေးတယ်မလား...ဒါကြောင့်
ဦးစျာန်က ပိုဆိုးတယ်လေ.. ''

YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...