Unicode
ဧက္ကရာဇ်မင်းစျာန် မိုးလင်းလို့
အိပ်ယာနိုးချိန်ရင်ခွင်ထဲကအသည်းအသက်လေး
ရှိမနေတော့။မျက်ခုံးနှစ်ခု့ကိုအလိုမကျတွန့်ချိုးလိုက်ပြီး
မျက်နှာမသစ်သေးဘဲပျောက်နေတဲ့
အပုကောင်လေးကိုအရင်ရှာရသည်။အိမ်အောက်မီးဖိုခန်းထဲကအိုးခွက်ပန်းဂံ
သံတွေကြောင့်တစ်ခြားနေရာတွေ
ပတ်မရှာဘဲအသံကြားရာဒါလျှောက်လာ
လိုက်သည်။တွေ့ပါပြီသူရဲ့အသည်းအသက်လေး။
လောလောလပ်လပ်ဝယ်ထားပေးတဲ့
ရှပ်လက်ပြတ်လေးနဲ့ဘိုဆန်တဲ့ဘောင်းဘီရှည်ကို
ဝတ်ဆင်ပြီးထိုင်ခုံသေးသေးလေးပေါ်
ဖင်ခု့ထိုင်ပြီးချက်ပြုတ်နေလိုက်တာ။ရဲရဲတောက်နေတဲ့မီးကိုမွေးပြီး
သည်ထားတဲ့ထမင်းကြော်အိုးကို
ဇွန်းအရှည်ကြီးနဲ့မွှေနေသည်။" အစောကြီးနိုးပြီးဒါတွေချက်နေတယ်ပေါ့
ကိုယ့်ကလေးလေးက''" အာ.. ဦးစျာန်..နိုးလာပြီလား
အစောကြီးရှိသေးတာကို..
ကျုပ်ထမင်းကြော်တောင်မကျက်သေးဘူး''" ရုံသွားရမယ်လေ.. ပြောပါအုန်း
မနက်စာကထမင်းကြော်နဲ့ဘာနဲ့လည်း''?အနားလာထိုင်ပြီးမေးနေတဲ့ဦးစျာန်။
တိမ်တိုက်လင်းညိုထမင်းကြော်မွှေနေရာက
နောက်ပြန်လှည့်ကြည့်ပြုံးပြပြီး။" ထမင်းကြော်ကိုကြက်ဥကြော်နဲ့စားမယ်လေ.
ပြီးကျ..လက္ဖက်ရည်လေးနဲ့ပေါ့..ဟီး''အိမ်ရှင်ထီးလေးရဲ့မနက်စာကြောင့်
ဧက္ကရာဇ်မင်းစျာန်ခပ်မဲ့မဲ့ဖြစ်သွားသည်။ဆီကြော်နဲ့လက္ဖက်ရည်။
အင် သွေးတွေတော့တက်ကုန်တော့မှာဘဲ။
" ဘာလို့လည်း. မကြိုက်လို့လား''?
'' မဟုတ်.. မဟုတ်ရပါဘူး.. ကြိုက်ပါတယ်''
'' ကျုပ်သိပါတယ်.မချဥ်ကမုန်လာချဥ်ပါတယ်
သုတ်ပြီးထားပြီ.. အချဥ်မပါဘဲ..အအီကြီးဘဲဆို
ဘယ်စားဝင်ပါ့မလဲ.. ကျုပ်ကြက်ဥကြော်ရအုန်းမှာ
ဦးစျာန်ဗိုက်ဆာနေပြီလား''?
YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...