Part ( 20 ) အဆက်

8.4K 374 7
                                    

Unicode

" အခု့ပြန်လို့ရပြီလားတိမ်တိုက်လင်းညို''

ကိုယ်တိုင်နှင်မှပြန်မယ်ဆိုလို့
ဧက္ကရာဇ်မင်းစျာန် တိမ်တိုက်လင်းညိုအရှေ့
ရောက်လာခြင်း။

မိုးအုန့်နေတာဖြစ်သည့်အတွက်ညနေ လေးနာရီ
အချိန်ဟာမိုးစုတ်စုတ်ချုပ်နေသည့်
အချိန်လိုဖြစ်နေသည်။သစ်ပင်ရိပ်အာဝါသ
တွေပေါလွန်းတာလည်းပါမည်။တစ်လောကလုံးဟာ
မှောင်မဲလို။

အမှောင်ထဲမှာရပ်နေတဲ့ဦးစျာန်ကို
ကျုပ်ကိုအတင်းပြန်ခိုင်းခြင်နေတဲ့ပုံ။
တည်ငြိမ်ပြီးအေးစက်နေလိုက်တာ။
တစ်အိပ်ယာထဲအတူအိပ်ခဲ့ကြတဲ့
လင်မယားတွေမဟုတ်တဲ့အတိုင်း။
စိမ်းစိမ်းကားကားဘဲ။

" ဦးစျာန် ကျုပ်ကိုအဲ့လောက်တောင်
မုန်းနေတာလား..မုန်းနေလို့ကျုပ်ကို
ဒီလောက်အထိနှင်ထုတ်နေတာလား.
ကျုပ်ဘာအမှားလုပ်မိလို့လည်းဦးစျာန်
ကျုပ်ခင်များကိုခန္ဓာကိုယ်မပေးလို့လား
ဒါဆိုလည်းကျုပ်ခန္ဓာကိုယ်ကို
စိတ်ကြိုက်လုပ်..ကျုပ်မငြင်းဘူး
ရုန်းလည်းမရုန်းသလို.ကျုပ်ငိုလည်းမငိုဘူး
ဒီလိုမှမကြေနပ်သေးရင်ကျုပ်အဝတ်တွေကို
ကျုပ်ကိုယ်တိုင်ချွတ်ပေးပါ့မယ်..
အဲ့လိုဆို..ဦးစျာန်ကြေနပ်မလား..''

တိမ်တိုက်လင်းညို ဝမ်းနည်းစွာ
ဦးစျာန်ကိုပြောမိသည်။

တည်ငြိမ်နေတဲ့ဦးစျာန်ဟာ..
ပွတ်ချွန်းကိုသာရှိုက်ဖွာပြီး
ဘာစကားမှဆိုမလာ။

ဦးစျာန်..ကျုပ်ကို..စိတ်ကုန်သွားပြီလား။
ဟင့်အင်း..အဲ့လိုလုပ်လို့မရဘူး။

တည်ငြိမ်နေတဲ့သူ့ဘဝကိုမရမကယူခဲ့ပြီး
အခု့မှစွန့်ပစ်လို့ရမလား။ကျုပ်ဦးစျာန်ကို
လက်မလွှတ်နိုင်ဘူး။ကျုပ်ဦးစျာန်ကို
ချစ်နေပြီဗျ။အဲ့တာကိုဦးစျာန်သိရဲ့လား။

" ဦးစျာန်.. ကျုပ်ကို စိတ်ကုန်နေပြီမလား
ကျုပ်ကယောကျာ်းတစ်ယောက်
ဖြစ်နေလို့ ဦးစျာန်စိတ်ကုန်သွားတာဖြစ်မယ်
ဟက်.. အဲ့လိုဆိုလည်း..ကျုပ်လိုယောကျာ်း
တစ်ယောက်ကိုခင်များကိုယ်တိုင်ဘဲ
အတင်းအရယူခဲ့တာဘဲ..ခင်များမတရားဘူးဗျာ
ခင်များစိတ်ရှိတိုင်းလုပ်တယ်..ကျုပ်ဘက်ကျ
တစ်ခါတောင်လှည့်မကြည့်ဖူးဘူး..
ကောင်းပြီ.. ခင်များပြန်စေခြင်ရင်
ကျုပ်ပြန်မယ်..တစ်ခု့တော့ရှိတယ်
ကျုပ်လည်းဒီနေ့ကစပြီး..ကျုပ်စိတ်ကြိုက်
ကျုပ်နေမယ်..ခင်များဝင်မပါနဲ့''

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now