Part ( 15 )

9K 398 13
                                    

Unicode

" အောင်ကြီး..ငါလိုးလိုလုပ်နေတာလားကွ''!!

" မဆဲနဲ့ သားစိုး.. ငါလည်းချက်တာဘဲ
ဟင်းအိုးမဆူတာတော့ငါလည်း
မတတ်နိုင်ဘူး''

" ရေချိုးရအုန်းမှာကွ.မိုးချုပ်တော့မယ်
ဟိုကောင်တွေလာလို့..ဟင်းမကျက်ရင်
တက်ဆော်ခံနေရမယ်''!

" လုပ်ရဲလုပ်ကြည့်ပါလား..
မင့်ကိုသာထိလို့ကတော့..အားလုံးသေသွားမယ်''!

" ထွီး..စောက်ပြောကြီးဘဲ''

ဘိန်းစိုက်ခင်းကိုရောက်ကတည်းက
သူတို့အလုပ်ကဘိန်းစိုက်ခင်းအလုပ်
သမားတွေကို ထမင်းချက်ကျွေးရတ့ဲအလုပ်။

ယောကျာ်းအရင့်အမာကြီးတွေကြား
သူတို့နှစ်ယောက်ကကလိမ်စိတွေလို
ဖြစ်နေသည်။

​အောင်ကြီးဗလတောင့်တောင့်ရုပ်တည်ကြီး
နေတော့ဘယ်ကောင်မှထိကပါးရိကပါး
သိပ်မလုပ်ရဲ။သို့သော်အားလုံးထက်စာရင်
သေးသေးကွေးကွေးရှိတဲ့သားစိုး
ကိုတော့ပါးကိုင်လိုက်မေးစေ့ကိုင်
လိုက်လုပ်တတ်သည်။

အဲ့အခါရောက်တိုင်းသားစိုးနဲ့အဲ့ကောင်တွေ
အကြိတ်အနှယ်ရန်သတ်ကြပြီ။
အဲ့ရန်ပွဲကိုထိန်းနိုင်တဲ့လူတစ်ယောက်တော့
ရှိသည်။အဲ့လူကတော့သေးသေးကွေးကွေး
ဖြူဖြူနု့နု့ကောင်လေးတစ်ယောက်။

သူ့နံမည်က လွမ်းထိုက်အိမ်။
ပြောကြတာတော့သူကြီးသားလင်အရာရှိရဲ့
တပည့်ကောင်လေးဆိုလားဘဲ။အောင်ကြီးနဲ့
သားစိုးအတွက်တော့ချစ်ရတဲ့သူငယ်ချင်းလေး။

သားစိုးမသိတာက
ဘာလို့ကောင်လေးအချင်းချင်းကြိုက်ကြတာလည်း။
ယူလို့ရလို့ကြိုက်တာဖြစ်မှာဘာ။

သားစိုးအတွေးကိုသာအောင်ကြီးကြားရင်
ငါလိုးလို့ဆဲပါလိမ့်မည်။အူကြောင်ကြောင်
သားစိုးကမလိမ်တတ်မညစ်တတ်တဲ့အပြင်
ပရုတ်သုတ်ခ အတွေးတွေကဦးနှောက်ထဲအပြည့်။

" အပြောဘဲ မဟုတ်ဘူးသားစိုး..
တက်ဆော်မဲ့ဆော်..အဲ့ကောင်တွေ
မင့်ကိုတက်ဆော်ခွင့်တော့မပြုဘူး
ငါဘဲမင့်ကိုတက်ဆော်မှာ''

" အောင်ကြီး..ငါလိုးဘဲ''

အဆဲသန်လေးကို
ေအာင်ကြီးစရတာပျော်သည်။
ဟုတ်သည်မလား။ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲ
ကိုယ်ဖိတ်တဲ့။အဲ့တော့ ဖြူဖြူစင်စင်
သူ့သူငယ်ချင်းရဲ့လူပျိုဘဝကိုသူများမယူခင်
သူဘဲယူမှာပေါ့။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now