Part ( 43)

7K 303 2
                                    


Unicode

မျိုးနိုင် အလုပ်တွေပြီးလို့ အိပ်ယာဝင်တော့
ဝင်းစိုးက ကုတင်ပေါ်ကွေးကွေးလေးအိပ်နေလေပြီ။

ပြသနာတွေဖြစ်ပြီပထမဆုံးမျက်နှာ
ချင်းဆိုင်ရမှာမို့..နည်းနည်းတော့
စနိုးစနှောင့်ဖြစ်သား။

သူများ..မကာကွယ်ရကောင်းမလားဆိုပြီး
ရန်ရှာရင်သူ့မှာမချော့တတ်။

သဇင်နဲ့တုန်းကတောင်သူသိပ်မချော့ခဲ့ဖူးဘူး
မလား။

အေးအေးချမ်းချမ်းအိပ်နေပုံထောက်ရင်
စိတ်တော့မဆိုးလောက်တော့။
စိတ်ဆိုးခြင်ရင်ထမင်းစားခန်းမှာထဲက
သူစိတ်ဆိုးမည်မဟုတ်လား။

မျိုးနိုင်အတွေးလွန်နေတုန်းသူ၏ မြတ်နိုး
ရသူသည်​ေ လးက ကွေးသည်ထက်
ပိုကွေးလာလေသည်။

သူ​လေး ညောင်းနေမှဖြင့်။

ကွေးနေတဲ့​ခြေထောက်ကိုအသာဆွဲဆန့်
လိုက်ပြီး ပါးတဲ့စောင်လေးကို
ခြုံပေးလိုက်သည်။

ကွေးနေတယ် ဆိုထဲကအေးလိုဘဲမဟုတ်လား။
ပုံမှန်ဆိုကွေးပြီးမအိပ်တတ်တဲ့သူလေ။

အိပ်ပျော်နေတဲ့ကောင်လေးကိုကြည့်ပြီး
ခဏကဘုရင့်ပြောစကားကိုသတိရလိုက်တာ
ကြောင့်ရယ်လိုက်မိ၏။

သူက ကလေးလိုခြင်တာတဲ့လေ။

"သူ့အလိုကျအောင်
ကလေးရဖို့ စွမ်းဆောင်ပေးရမှာက
မင့်တာဝန်'' တဲ့။

ဟက်.. ကျုပ်တာဝန်တဲ့လား။?

ထို့နောက် ညစ်ပတ်နေတဲ့ခန္ဓာကိုယ်ကို
ရေချိုးဖို့လုပ်ရသည်။

ရေချိူးပြီးမှ အိပ်နေတဲ့ကောင်လေးနံဘေး
တိုးဝင်ကာအိပ်လိုက်၏။

ခါးကျဥ်းကျဥ်းလေးထံလက်တင်လိုက်
တော့ ကုတ်ကုတ်လေးအိပ်နေရာက
သူ့ဘက်လှည့်လာပြီးဖက်သွယ်လာ၏။

ဒီပုံအတိုင်းဆို သူတို့ကလေးရဖို့အနီးစပ်ကြီး
နီးစပ်နေပြီဖြစ်သည်။

ဖက်ထားတဲ့ကောင်လေးကိုယ်လေးကို
မျိုးနိုင် တင်းတင်းကြပ်ကြပ်
ပြန်ဖက်ရင်း အိပ်စက်ခြင်းဆီသို့
ကြည်နူးစရာအတွေးတွေဖြင့်ရောက်ရှိသွားတော့၏။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now