Unicode
အိမ်ထမင်းပြန်စားရမယ်ဆိုတဲ့ အိမ်သူသက်ထားရဲ့
အမိန့်အရဧက္ကရာဇ်မင်းစျာန်ကိုယ်တိုင်ကားမောင်း
ပြီးအိမ်ရှိရာပြန်လာခဲ့ရသည်။ရုံးမှာအလုပ်တွေပိနေပေမဲ့
အမှာတော်ပါးလိုက်တဲ့စကားလေးကိုမဖျက်လို၍
လိုက်နာစွာအမြန်ပြန်ခဲ့ခြင်း။ဒါတောင်နောက်ကျနေလို့
ဒင်းလေးကပြန်မလာတော့ဘူးထင်ပြီး
ကောက်နေပြီများလား။ကျုပ်သည်လည်း။ဒီအသည်းသက်ညာကို
မြတ်နိုးမိသည့်နေ့ကစလို့. သူလေးစိတ်ငြို
ညင်မှာကအစတွေးပူပြီးမနေတတ်မထိုင်တတ်
ဖြစ်နေပါပြီ။လမ်းမကြီးအတိုင်းဖြတ်မောင်းလာစဥ်
ညောင်ပင်ကြီးအောက်အမျိုးသမီးငယ်
တစ်ယောက်ရောင်းနေတဲ့သရက်သီးတွေကို
မြင်လိုက်သည်။ကားကိုလမ်းဘေးထိုးရပ်ပြီး..
သရက်သီးဝယ်ရသည်။အစိမ်းကောအမှည့်ပါရှိနေတာကြောင့်
နှစ်မျိုးလုံးဝယ်ခဲ့လိုက်သည်။နှစ်မျိုးလုံးဝယ်မှဖူလုံလိမ့်မည်။မဟုတ်ရင်
အပင်ပေါ်ဒင်လေးထပ်ရောက်နေအုန်းမည်။" ဗျို့.. မြို့အုပ်မင်း..''?
သရက်သီးအိပ်ကိုကားပေါ်
တင်နေတုန်း ခေါ်သံကြောင့်.
လှည့်ကြည့်လိုက်တော့.. မျက်နှာစပ်ဖြီးဖြီးနဲ့
ထိပ်ပြောင်တဲ့လက်ထောက်ရဲမင်းကြီး။" မင်းကြီးက.. ဒီဘက်ရပ်ကွက်ကို
ဘယ်အရေးကြောင့်ရောက်နေတာလဲခင်မျ''" ဟဲ.. ဘယ်အရေးကြောင့်မှတော့မဟုတ်ပါဘူးဗျာ
ကျုပ်ဇနီချောလေးက.. စိန်ထည်အသစ်လိုခြင်သပ
ဆိုလို့..လိုက်ဝယ်ပေးတာလေ.. ဟဲဟဲ..
ဒီနေ့က.. ကျုပ်ဇနီးချောလေးရဲ့. မွေးနေ့ပေကို''" အာ.. မသိလိုက်ပေဘူးဗျ..
မရီးရဲ့မွေးနေ့ဆို.. ကျုပ်လက်ဆောင်
ပေးမှဘဲ''" ရပါတယ်ကွာ..အချင်းချင်းတွေဘဲ..
အိမ်တစ်လုံးမြေတစ်ကွက်လောက်..
ဟားဟားဟားဟား..''စနောက်သန်တဲ့လက်ထောက်ရဲမင်းကြီးကြောင့်
ဧက္ကရာဇ်မင်းစျာန်ပါပြုံးမိသွားသည်။
YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...