Part ( 19 )

8.8K 387 3
                                    

Unicode

ဦးစျာန်အခု့တစ်လော အိမ်မကပ်ဘူး။
ဓားပြကိစ္စနဲ့ဘဲ အလုပ်ရှုပ်နေတာ။
ကြီးတော်လည်းအိမ်မှာမရှိတော့။
ဦးစျာန်ပြန်ခိုင်းလို့ကိုမင်းထက်ဇော်မြို့ပို့လိုက်ပြီ။

အဖော်ရမယ်လို့ထင်မိတဲ့ကိုမင်းထက်ဇော်ကလည်း
ဦးစျာန်အစားဦးစျာန်အလုပ်တွေအကုန်လုပ်နေရတော့
အိမ်မှာဖင်နွေးအောင်တောင်မနေဘူး။

တစ်နေ့တစ်နေ့အိမ်မှာကျုပ်တစ်ယောက်ထဲ။
မိုးလင်းတာနဲ့ကျုပ်ကြော်တဲ့ထမင်းကြော်
မီးတူးတူးကိုစားပြီးရွာထဲထွက်တယ်။
မိုးချုပ်မှပြန်ရောက်လာတဲ့ဦးစျာန်။

ကျုပ်ကိုကျဘယ်မသွားရဘူး။ညာမသွားရဘူး။
ချုပ်ခြယ်လိုက်တာ။ကျုပ်လည်းပျင်းတာပေါ့။
တော်သေးတယ်နေ့တိုင်းမမေ့မလျော့ေရာက်ရောက်
လာတဲ့ထန်းရည်ဘူးတွေကြောင့်
ပျင်းလွန်းလို့ သေမဲ့ကိန်းကလွှတ်ခဲ့တာ။

မိုးလင်းရင်ထမင်းချက် နေ့ခင်းဆိုတစ်နေကုန်
အိမ်မှာအိပ် မိုးချုပ်ရင်ထမင်းပြန်ချက်
ကျုပ်ကမသိရင်အိမ်ရှင်မလုံးလုံးကိုဖြစ်နေပြီ။

ဒီနေ့တော့မရဘူးဦးစျာန်ထွက်သာနဲ့
ကျုပ်လည်းထွက်ပြီဘဲ။

" တိမ်တိုက်လင်းညို.''

" ဦးစျာန်..သွားတော့မလို့လား''?

"အွန်.. ''

" ကျုပ်..ထမင်းခူးပေးမယ် ''

ထမင်းခူးပေးတာကိုအရင်လိုကျီးမများဘဲ
တော့စားတယ်။ဆားငံရင်လည်းမပြောဘူး။
ပေါ့ရင်လည်းမပြောဘူး။စားပြီးထွက်သွားတယ်။
ပင်ပန်းနေလို့များလား။အင်သူကအရာရှိလေ
ဓားပြကိစ္စကသူ့အတွက်တာဝန်ကြီးဘဲ။
ပင်ပန်းနေမှာပေါ့။

" အပြင်မသွားနဲ့.တိမ်တိုက်လင်းညို
အပြင်ထွက်သာသိလို့ကတော့ မလွယ်ဘူးမှတ်''

ဒါဦးစျာန် အပြင်ထွက်ခါနီးတိုင်း
မှာနေကြ။

" အင်းပါဗျာ.. ကျုပ်လည်း..ကြာရင်
အိန္ဒြေရှင် မိန်းမကောင်းလေးဖြစ်တော့မယ်
အိမ်တွင်းကြီးဘဲပုန်းနေရလို့''

" အဲ့တော့မကောင်းဘူးလား''

အဲ့ဦးစျာန်ဟာလေ။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now