Unicode
ထမင်းစားပြီးတာနဲ့ ဘုရင် ရွာသွားဖို့
ပြင်ဆင်စရာရှိတာပြင်ဆင်လိုက်သည်။
ဘားမှထွေထွေထူးထူးပြင်စရာမရှိပေမဲ့
သေနပ်ကိုတော့ဘယ်နေရာမှချို့ယွင်း
ချက်မရှိအောင်သေခြာပြင်ဆင်စစ်ဆေး
ဖို့လိုသည်။ဒါမှအန္တရာယ်နဲ့ထိတ်တိုက်တွေ့တဲ့
အခါလွယ်လွယ်ကူကူရှိနေမှာ။" ဦးစျာန် ကျုပ်တစ်ကယ်လိုက်လို့မရဘူးလား''?
ပုဆိုးခေါက်နေရင်းမေးလာသူကို
ဘုရင်သေနပ်စစ်ဆေးနေရာကကြည့်ရင်း
ခေါင်းခါပြီး။" မရဘူးကလေးငယ်.. အန္တရာယ်အရမ်း
များလွန်းတယ်..ကိုယ် ကလေးငယ်ကို
စိတ်မချဘူး..အိမ်မှာဘဲ ဒေါ်နု့တို့ ဝင်းစိုးတို့နဲ့
နေခဲ့နော်..''" အန္တရာယ်က ဦးစျာန်လည်းရှိတာဘဲမဟုတ်လား
ကျုပ်ကကောအိမ်မှာနေရပြီး ဦးစျာန်ကို
စိတ်မပူရတော့တာလည်းမဟုတ် စိတ်ပူနေရမဲ့
အတူတူ လိုက်ခဲ့မယ်လေနော်''မျက်လုံးလေးကလယ်ကလယ်နဲ့
လိုက်ဖို့တောင်းဆိုနေသူလေးအား
ဆံနွယ်အုပ်အုပ်လေးတွေကို
လက်နဲ့အသာသပ်ပေးရင်း။" တစ်ကယ်မဖြစ်လို့ပါ အပုလေးရာ
ကိုယ့်စကားနားထောင်နော်..
အိမ်မှာဘဲ ကိုယ်ပြန်လာတာကို
စောင့်နေပေး..ပြသနာတွေအပြီးရှင်းပြီး
ကိုယ်အမြန်ပြန်ခဲ့မယ် ''" ဒါပေမဲ့....ဦးစျာန်... ''
" အပုလေး.. ကိုယ် ထပ်မပြောခြင်ဘူး..
အန္တရာယ်များလို့ ကိုယ်ပြောနေတာကို
ဘာလို့နားမဝင်ရတာလဲ..ပြင်စရာရှိတော့
ပြင်ပြီးအိပ်တော့ ဗိုက်ထဲကလေးကျန်းမာ
ရေးကောင်းဖို့. စောစောအိပ်တော့''ပြေရခက်နေတာမို့ ဘုရင်လေသံအနည်းငယ်မာ
သွားသည်။ မျက်နှာမလှစွာခေါင်းငုံ့သွား
သူကြောင့်ဘုရင်စိတ်မကောင်း။သူ့အသံမာသွားမှန်းသိလိုက်ပေမဲ့
ပြောရခက်တဲ့ကလေးငယ်က
စကားသံမာမှထပ်အသံမထွက်မည်မဟုတ်လား။ဘာစကားမှထပ်မပြောဘဲ ပုဆိုးနဲ့အင်္ကျီကိုသာ
သေသေခြာခြာခေါက်ပေးပြီးကုတင်ပေါ်တက်ကာ
သွားအိပ်လေသည်။
YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...