Part ( 35 )

7K 323 4
                                    

Unicode

အရောင်အသွေးစုံညီစွာဝတ်ဆင်ထားကြတဲ့
လူထုကြီးသည် မြို့အုပ်မင်းဧက္ကရာဇ်မင်းစျာန်၏
စံအိမ်၌ပြည့်နက်လို့နေ၏။

ဒီနေ့သည် တော်ရုံတန်ရုံ ဖြင့် ပါတီပေးလေ့မရှိသော
မြို့အုပ်မင်းကြီး၏ အကြောင်းမယ်မယ်ရရမပြောဘဲ
အရာရှိအတိုင်းအဝိုင်းအားလုံးနှင့်နီးစပ်ရာ အရပ်ဒေသက
လူငယ် လူရွယ်အားလုံးကိုဖိတ်ကာ ပါတီပေးသောနေ့ဖြစ်သည်။

ငြိမ့်ငြိမ့်လေးဖွင့်ထားတဲ့ သီချင်းသံကြား
တစ်ချို့ကစားစရာတွေစားသောက်နေပြီး
တစ်ချို့ကမိတ်ဆွေအပေါင်းအသင်းတွေဖြင့်
စကားစမှတ်ပြောဆိုနေကြသည်။

ဒီနေ့ရဲ့ ပါတီဘုရင်က.. ဧက္ကရာဇ်မင်းစျာန်လို့
အားလုဲးသိခါးကြပေမဲ့ တစ်ကယ့်ဘုရင်အစစ်သည်
တိမ်တိုက်လင်းညိုသာဖြစ်၏။

မြို့အုပ်မင်းဖြစ်တဲ့ ဧက္ကရာဇ်အင်းစျာန်အနောက်တွင်
အနီးကပ်စောင့်ရှောက်ရန်.အစောင့်တစ်ဦးသာ
ရှိသည်။ အနောက်ရောင် အနောက်တိုင်းဝတ်စုံကို
ခန့်ညားစွာဝတ်ထားတဲ့ဧက္ကရာဇ်မင်းစျာန်သည်
လူအုပ်ထဲ၌ သိသိသာသာထင်ပေါ်လို့နေ၏။

အရာရှိအတိုင်းအဝိုင်းကအမျိုးသမီးတစ်ချို့၏
မျက်လုံးနွေသည်အိမ်ထောင်ရှိတာသိပါရက်ဖြင့်
ဧက္ကရာဇ်မင်းစျာန် အပါးတော်၌ မခွာနိုင်။

" ဒို့ မြို့အုပ်မင်းက ချောလိုက်တာ ''

" ဟုတ်ပါ့တော်.. အခု့လိုအနောက်တိုင်းဝတ်စုံနဲ့
ဆို ပိုတောင်လိုက်ဖက်ပြီးချောနေလိုက်သေး''

" တော်ရုံဘဲ ကြည့်ကြပါ.. သူ့အမျိုးသား
မြင်သွားမှ ပါတီကမောင်းထုတ်ခံနေရအုန်းမယ်
ကြာတာတော့ ဒို့မြို့အုပ်မင်းကြီးက သူ့အမျိုးသားကိ​ု
စိတ်အညိုအငြင်တောင်ခံတာ  မဟုတ်ဘူးတဲ့
တော်တို့ကြည့်နေတာဒါ သူမျိုးသားမြင်ပြီး
စိတ်ကတိကအောက်ဖြစ်သွားရင် တော်တို့ကော
ကျုပ်ပါပြေးပေါက်မှာသွားလိမ့်မယ်''

" အေးပါ. ကျုပ်တို့လည်း.သိပါတယ်အေ ''

အမျိုးသမီးတစ်စု့ပြောနေကြတဲ့စကားတွေကြောင့်
ဝိုင်ခွက်ကိုမော့သောက်နေတဲ့. ကောင်လေး
တစ်ဦးခပ်ဟဟလေးရယ်လိုက်သည်။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းWhere stories live. Discover now