Part ( 17 )

7.9K 359 12
                                    

Unicode

ထန်းတော ကိစ္စ အဆင်မပြေဘူး
ဆိုတာကြောင့်.. ဧက္ကရာဇ်မင်းစျာန်
ကိုယ်တိုင် ထန်းတောပိုင်ရှင်နဲ့
ဆွေးနွေးရသည်။

ဆွေးနွေးတယ်ဆိုလို့အေးအေးဆေး
ဆွေးနွေးတယ်လို့တော့ မထင်လိုက်နဲ့။
ရောင်းရင်ရောင်း မရောင်ရင် သေနပ်စာ
မိမယ်ဆိုတဲ့ စကားလုံးကြီးလက်ကိုင်သုံးပြီး
ဆွေးနွေးတာ။

လိုခြင်တာကိုမရောင်းရဲမရောင်းကြည့်ပါလား။
ဧက္ကရာဇ်မင်းစျာန်ဆိုတဲ့ကောင်က..
ငရဲအရောက်ပို့ပေးမှာ။

အရှေ့မှာ ငုတ်တုတ်ထိုင်နေတဲ့အသက် ၄၀ အရွယ်
အမျိုးသား။ဧက္ကရာဇ်မင်းစျာန် ထိုအမျိုးသား
​ရှေ့ ထိုင်ခုံ​ပေါ် ခြေကလိမ်ချိတ် ထိုင်ပြီးသေနတ်ကို
သေသေခြာခြာပွတ်သတ်ရင်း ပွတ်ချွမ်း လိပ်ကို
တစ်ခဲနက်ဖွာနေလိုက်သည်။

အငွေ့တွေကြောင့်ထိုအမျိုးသား..
အသက်ရူမွန်းကြပ်နေပြီထင်တယ်။
မျက်နှာကြီးက.. နီရဲပြီး  မျက်လုံးတွေကလည်း
တည်ငြိမ်မှု့မရှိတော့ပေ။

​ကြောက်ဒူးတုန်ပါတုန်နေတော့ထိုလူပုံက
ကြည့်လို့က်ိုမကောင်း။

အပေါ်ပိုင်အကျီ်ဗလာနဲ့..
အောက်ပိုင်းပုဆိုးတစ်ထည်သာ
ဝတ်ထားတဲ့ထိုအမျိုးသား ။ ကျုပ်လက်ထဲကသေနပ်
ကိုကြည့်ပြီးဇောချွေးတွေပါထွက်နေလေပြီ။

" ခင်များကြိုက်စျေးကိုကျုပ်ပေးတယ်
မရောင်းနိုင်ဘူးဆိုတော့ ခင်များက.
တစ်ကိုယ်လုံးရွှေကွပ်စေခြင်တာလား
ကွပ်စေခြင်လည်းပြောပါ..ကျုပ်ကိုယ်တိုင်
ကွပ်ပေးမယ်.. အဲ..ကျုပ်ကွပ်ရင်တော့
အသက်ရူနေတဲ့လူ့ခန္ဓာကိုယ်ကို
မကွပ်ဘူးနော်..အသက်မဲ့နေတဲ့မလှုပ်မရှုက်
ခန္ဓာကိုယ်ကိုဘဲ ကွပ်မှာ..  ဘယ်လိုလဲ ကွပ်ပေးရမလား''?

ရုပ်တည်ကြီးနဲ့ပြောနေတဲ့ဆရာသမားရုပ်က
ကြက်သီးထစရာကောင်းလွန်းသည်။
မသက်သာလို့သာဆရာသမားကို
ညှိနှိုင်းကူဖို့ခေါ်လိုက်ရတာဆရာသမားကူရင်
သေနပ် ပါလာတော့မယ်မှန်းသိနှင့်ပြီးသား။

မင်းထက်ဇော်ဆရာသမားအနောက်ရပ်နေရင်းက
ရှေ့မှာငုတ်တုတ်ထိုင်နေတဲ့အမျိုးသားကြောက်
နေသည်ကိုကိုယ်ခြင်းစာမိသည်။

တိမ်တိုက်လင်းညို( အိမ့်ဂျူး)  မိုးသည်းသည်းDove le storie prendono vita. Scoprilo ora