Unicode
ဧက္ကရာဇ်မင်းစျာန် ချစ်ရသူအပုလေးကိုအိမ်မှာထားပြီး
အလုပ်ကိစ္စအရေးကြီးတာကြောင့်အလုပ်ရှိရာ စခန်းသို့
ထွက်လာခဲ့သည်။အရာရှိကြီးငယ်တို့ကဖိုင်တွဲကိုယ်စီနဲ့အလုပ်ရှုပ်နေကြသည်
မှာခေါင်ပင်မဖော်နိုင်။ကျုပ်လာတာမြင်တာပင်အလေးထပြု
ရုံကလွှဲပြီးပြုံးပြဖော်ပင်မရကြတော့။ကျုပ်ရဲမင်းကြီးရှိရာအခန်းထဲဝင်သွားချိန် ရဲမင်းကြီးသည်
လည်းအရာရှိငယ်တွေနည်းတူဖိုင်တွဲတွေထဲခေါင်းစိုက်နေ
၏။ကျုပ် လာတာပင်မော့မကြည့်အားတဲ့ရဲမင်းကြီးစပွဲ
ရှေ့ထိုင်ခုံမှာဝင်ထိုင်လိုက်၏။" မောင်မင်း..ဘာလို့ဝင်ခွင့်မတောင်းဘဲထိုင်..!
အာ.. မြို့အုပ်မင်း ဧက္ကရာဇ်မင်းစျာန်.. ''သူ လက်အောက်အရာရှိငယ်ဝင်လာတယ်ထင်ပြီးဟောက်
ဖို့ပြင်နေတဲ့ရဲမင်းကြီးဟောက်နေတဲ့လမ်းတစ်ဝက်မှာပင်
ကျုပ်ကိုမြင်တာနဲ့လေသံမာရာကချက်ခြင်းပျော့ပြောင်း
သွားလေသည်။ကျုပ်ကိုထအလေးပြုပြီး ကျုပ်ခေါင်းငြိမ့်ပြမှ
ပြန်ထိုင်လိုက်၏။ထို့နောက်ကြည့်နေတဲ့ဖိုင်တွဲကို ပိတ်ပြီး
စပွဲအံဆွဲထဲကအပြာရောင်ဖိုင်တွဲတစ်ခု့ကိုထုတ်ပေး
လာသည်။" ဒါက အမှု့ဖျောက်ထားတဲ့ သက်သေအထောက်အထာ
အကုန်ပါဘဲ မြို့အုပ်မင်း.. တိုက်ထိုမြို့အုပ်မင်းငယ်သေတဲ့
အမှု့ကအခု့ဆိုသူ့ကိုယ်သူသက်သေတဲ့အမှု့အဖြစ်လုံးဝ
ဖြစ်သွားပါပြီ. ""'' ခင်များတော်တယ် မင်းကြီး.. ကျုပ်ခင်များကူညီမှု့
အတွက်ထိုက်ထိုက်တန်တန်ဆုတော်ပေးပါ့မယ်
ရာထူးစည်းစိမ်..ခင်များကြိုက်ရာတောင်း
ကျုပ်ပေးမယ်''" ကျုပ်ကူညီတာ ဒါတွေကြောင့်မဟုတ်ပါဘူး
မြို့အုပ်မင်း.. ကျုပ်စိတ်ဓာတ်ကိုခင်များအသိဆုံးပါ
မကောင်းတဲ့အရာရှိတစ်ဦးကိုသန့်ရှင်းရေးလုပ်တဲ့
ေနရာမှာကူညီရတယ်လို့ဘဲကျုပ်သဘောထားပါတယ်''ဧက္ကရာဇ်မင်းစျာန်နှစ်ချိုက်စွာပြုံးလိုက်သည်။
သူသိသည်။ရဲမင်းကြီးဘယ်လိုလူမျိုးဆိုတာကျုပ်
ကောင်းကောင်းကြီးသိသည်။
YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...