Unicode
အိမ်ရဲ့တိတ်ဆိတ်မှု့က တိမ်တိုက်လင်းညိုကို
အသားမကျစေဘူး။ပုံမှန်ဆို အိမ်မှာရှိတဲ့
အလုပ်သမားတွေဒီအချိန်အလုပ်ကိုယ်စီ
လုပ်နေကြတုန်း။ဒီနေ့မှဘာကြောင့်တိတ်ဆိတ်နေတာလဲ။
တိမ်တိုက် အောက်ထပ်သို့
လှေကားအတိုင်းတစ်ဆင့်ခြင်း
ဆင်းလာလိုက်သည်။လှေကားထိတ်မှာရပ်နေတဲ့တစ်စုံတစ်ယောက်
ကြောင့်တိမ်တိုက်လင်းညိုအင်္ကျီပွပွကြီး
ေအာက်ကသေနတ်ကို့မြဲမြံစွာ
ဆုတ်ကိုင်လိုက်သည်။" ခင်များ..ဘယ်သူလဲ ''?
အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ထိုလူ။
အသက်အားဖြင့်ငါးဆယ်နီးပါးလောက်
ရှိလောက်မည်။ပါးသိုင်းမွှေးဖြူဖြူတွေနဲ့
ထိုလူကိုတိမ်တိုက်တစ်ကြိမ်တစ်ခါမှ
မမြင်ဖူးခဲ့။ဒီလူကဒီအိမ်ကမဟုတ်တာငသေခြာသည်။
ဒါဆိုဒီအိမ်ကအလုပ်သမားတွေ
ဒီလူအိမ်ထဲဝင်တာကိုမတားကြဘူး။တိမ်တိုက်မေးလိုက်တော့
ထိုလူကတိမ်တိုက်ကိုစူးစူးရဲရဲမော့ကြည့်
လာပြီး။" တိမ်တိုက်လင်းညိုဆိုတာမင်းလား''?
'' ခင်းများက.. ကျုပ်ကိုဘယ်လိုသိတာလဲ
မဟုတ်မှ..ခင်များ..''?စူးရဲတဲ့ထိုလူ့အကြည့်။ခက်ထန်တဲ့လေသံ။
ပုံပန်းသဏ္ဍာန်ကို သေခြာကြည့်မိတော့
ထိုလူဘယ်လိုလူမှန်းတိမ်တိုက်ချက်ခြင်း
သဘောပေါက်ပြီးသေနတ်ကိုဆွဲထုတ်ပြီး
ထိုလူကိုချိန်လိုက်သည်။မထင်ထားလို့ဘဲလား.ညဏ်နီညဏ်နက်ထုတ်တာ
လားတော့မသိ။ထိုလူလက်နှစ်ချောင်းက
ခေါင်းပေါ်မြောက်လျှက်။" ခင်များ ဘာကိစ္စနဲ့ ကျုပ်အိမ်ထဲ
ဝင်လာတာလဲ.. ကျုပ်လူတွေကို..
ခင်များဘာလုပ်လိုက်ပြီလဲ''မေးတော့တစ်ချက်မဲ့ပြုံးပြုံးလာတဲ့ထိုလူ။
အနောက်ကိုတစ်ချက်စောင်းကြည့်လိုက်တော့
မျက်စိရှေ့ရောက်လာတဲ့လူတစ်စု။'' ဒါ ''
" ဘုရင့် မိန်းမ ငါ့ကိုကယ်ပါ အာ့..''!
'' စောက်ပါးစပ်ပိတ်ထား''!!
ကိုဝင်းစိုးအပါအဝင်အိမ်ကအလုပ်သမား
အားလုံးအဖမ်းခံထားရသည်။မျက်နှာမှာလည်း
သွေးစအချို့တွေနဲ့။ထု့ရိုက်ထားကြသည့်ပုံ။
YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...