Unicode
" ကျုပ်သူငယ်ချင်းတွေကို ခများဘာလုပ်မို့လည်း''!
အထုတ်အပိုးတွေနဲ့သူငယ်ချင်းတွေကိုမြင်
တော့တိမ်တိုက်လင်းညို..နာနေတာပင်
ဘယ်နားရောက်သွားသည်မသိတော့။ဒီလူသူ့တင်မဟုတ်ဘူး။သူ့သူငယ်ချင်းတွေပါ
အပစ်ပေးမလို့လား။မျက်နှာငယ်လေးနဲ့သူငယ်ချင်းတွေကလည်း
ဘားမှမတတ်နိုင်ဘူးဆိုတဲ့အကြည့်မျိုးနဲ့
ကျုပ်ကိုကြည့်နေသည်။ကျုပ်အရှေ့မှာ ပွတ်ချွမ်းလိပ်ကို
ဖွာနေတဲ့ထိုလူ။မေးတာကိုမကြားသလို
လုပ်နေသည်။" ဒီမှာ.. ကျုပ်မေးနေတယ်တယ်
ခင်များကို.. ''!" လင်.. ငါက..မင့်လင်..စကားကို
ဆင်ခြင်ပြောတိမ်တိုက်လင်းညို''" မပြောနိုင်ဘူး..ခင်များတောင်
ကျုပ်ကို..အကောင်းမပြောဘဲ''" ကျစ်.. ! အခု့တင်အရိုက်ခံထားရတာ
ကလန်ကဆန်ကလုပ်တုန်း... အမှတ်မရှိဘူးလား
တိမ်တိုက်လင်းညို''" ကျုပ်ဖင်က.. ထုထည်ကောင်းတယ်
မမှတ်ဘူးဗျာ.. ကျုပ်သူငယ်ချင်းတွေကို
ဘာလုပ်မလို့လည်းဆိုတာဘဲဖြေ''" သူကြီးသား.. ကျုပ်တို့အပြစ်နဲ့ကျုပ်တို့ဗျ
သူကြီးသားမသိပါဘူး''" သားစိုးပြောတာမှန်တယ်ဗျ.. ကျုပ်တို့အပြစ်နဲ့
ကျုပ်တို့ပါဗျာ.. သူကြီးသားထပ်အရိုက်ခံဏအောင်
အရာရှိမင်းကိုအော်မနေပါနဲ့တော့..
ကျုပ်တို့က အပြစ်ဒဏ်အကြီးကြီးအပေးခံရာလည်း
မဟုတ်ပါဘူး.. ဒီအတိုင်းအရာရှိမင်းရဲ့
အလုပ်တွေကိုဦးစီးဖို့.. ရွာနဲ့ဝေးတဲ့တစ်နေရာ
ထွက်သွားရုံပါဘဲ''" ဘာ.. ''!!
ရွာတဲ့ဝေးတဲ့နေရာထွက်သွားရမယ်။
မရဘူးလေ။သူတို့ထွက်သွားရင်ထန်းရည်
ဘယ်လိုခိုးသောက်မှာလဲ။မရဘူး။
သူတို့သွားလို့မရဘူး။" သူတို့ကို မသွားခိုင်းပါနဲ့ ဦးဘုရင်
ကျုပ် နောက်မဆိုးတော့ပါဘူး.
ကျုပ်သူတို့မရှိဘဲပျင်းတယ်ဗျ''" ထန်းရည်ခိုးသောက်ဖော်မရှိတော့မှာ
စိုးနေရင်စိုးနေတယ်ပေါ့.. အပိုတွေမပြောနဲ့
တိမ်တိုက်လင်းညို.. အပြစ်လုပ်တဲ့သူဆို
မင့်သူငယ်ချင်းမပြောနဲ့မင့်အဖေသူကြီးနဲ့
မင့်အမေသူကြီးကတော်တောင်
အပြစ်ပေးခံရမှာဘဲ''
YOU ARE READING
တိမ်တိုက်လင်းညို( အိမ့်ဂျူး) မိုးသည်းသည်း
Short Storyဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ်။ တိမ်တိုက်လင်းညို ချောင်းအလုံရွာရဲ့သူကြီးသား။ အသက် 19 ။ပေါ့ပျက်ပျက်နဲ့ငမွှေထိုးလေးတစ်ဦး။ အလုပ်အကို...