Zawgyi
အပိုင်း (၁၆၄၇) – ဘယ်သူ့တပ်က ပိုအင်အားကြီးလဲ
နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရပြီး ကြာရှည်စွာ နှိပ်စက်ခံလာရ သဖြင့် အကျဉ်းသားများသည် သူတို့၏ အလောင်းများကိုမြင်သော်လည်း စကားတစ်ခွန်းနှစ်ခွန်းလောက်နှင့် ကျေနပ်ခြင်းမရှိကြပေ။
သူတို့၏ စိတ်အတွင်းတွင် နှစ်ပေါင်းများစွာ ခံစားလာရသော နာကျင်မှု များ မုန်းတီးမှုများကို သိမ်းထားခဲ့ရပြီး ဟောမျိုးနွယ်ဆီမှ သေချာပေါက် အကြွေးပြန်ယူမည်ဖြစ်သလို သွေးနှင့်ပြန်ဆပ်ခိုင်းမည်ဖြစ်သည်။
"ဒါပေမဲ့ ဒီနေရာက လာဖို့လည်းမလာဘူးလေ" လူတစ်ယောက် ပြော လေသည် "ရေထဲမှာက ရက်စက်တဲ့ ပင်လယ်သားရဲတွေအများကြီးပဲ ဒီနေရာ ကနေထွက်သွားချင်ရင် မင်းအကူအညီပေးတဲ့အပေါ်မှာပဲ မူတည်နေဦးမှာပဲ"
အစောပိုင်းက သူတို့သည် ဖန်ရှင်းတို့နှင့် ဟောမျိုးနွယ်မှ အကြီးအကဲတို့ တိုက်ခိုက်ပုံကိုမြင်ခဲ့ကြသည်။ ဖန်ရှင်းတို့သာ သူတို့ကို ကူညီလိုပါက ဤနေရာ မှ ချောချောမွေ့မွေ့ ထွက်သွားနိုင်မည်မှာ သေချာသည်။
"ကျွန်မက လူကြီးမင်းတို့ကို ကယ်ခဲ့မှတော့ သေချာပေါက် ဒီမှာထားသွား လို့မဖြစ်ဘူးလေ ပြီးတော့ ဟောမျိုးနွယ်က မျိုးနွယ်ကြီးတစ်ခုပဲ၊ သူတို့ကို နိုင်ဖို့ ဆိုရင် အကုန်အတူလက်တွဲဖို့လိုတယ်" ရှီမာယူယူသည် အားလုံးကို ပြောလိုက် သည်။
"မေးခွင့်ပြုပါ မြင့်မြတ်တဲ့ သခင်မလေး... မိန်းကလေးနာမည်က ဘာလဲ မသိဘူး နောက်ဆိုရင် ကျုပ်တို့ ပြန်ဆပ်ရတာပေါ့"
"ကျွန်မက ရှီမာယူယူလို့ခေါ်ပါတယ်၊ ဒါပေမဲ့ ကျွန်မက နည်းနည်းပဲ အားထုတ်လိုက်တာပဲရှိတာပါ ပြန်ဆပ်ဖို့မလိုပါဘူး၊ ဒါပေမဲ့ ပြည်နယ် ၆၄ က ရှီမာမျိုးနွယ်နဲ့ အသည်းကွဲတောင်ကြားကလူတွေနဲ့ တွေ့လို့ သူတို့ အမှား တစ်ခုခုလုပ်မိတာရှိရင် ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်" ရှီမာယူယူသည် သူတို့ကိုအရိုအသေပြုလိုက်သည် "နောက်ကျနေပြီဆိုတော့ လှုပ်ရှားကြတော့ မလား၊ လူကြီးမင်းတို့မှ သားရဲပျံတွေရှိလား"
ВЫ ЧИТАЕТЕ
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 9
Исторические романыBook-9 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြား...
