Zawgyi
အပိုင်း (၁၅၇၂) – အချိန်အကန့်အသက်နဲ့ ချိပ်စည်း
ရှီမာယူယူ ပြန်လည့်ကာ ခေါင်းငုံ့ပြီး သူ့ကိုကြည့်၍ မေးလိုက်သည် "ဘာဖြစ်လို့လဲ"
ထိုအခါမှပင် ရွှမ်ချုံးဟော်သည် အနည်းငယ်လွန်သွားသည်ကို သိလိုက်ရ သည်။ သူသည် လက်ကိုဖြည်လျော့ကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည် "အဲဒါ... ငါ တကယ်ပဲ မြင်နိုင်တော့မှာလား"
အစက တစ်ခုခုလွဲမှားနေပြီဟု ရှီမာယူယူ ထင်ထားသည်။ သူ ထိုအရာကို စိတ်ပူနေလိမ့်မည်ဟု သူမ ထင်မထားပေ။
မျှော်လင့်ထားရာမှ စိတ်ပျက်သွားမည်ကို ကြောက်ခြင်းဖြစ်သည်။
"စိတ်ချပါ ပြန်မြင်ရမှာပါ" သူမသည် ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက် သည် "ကျွန်မကိုယုံပါ"
"အင်း" ရွှမ်ချုံးဟော်သည် သူမ ယုံကြည်ချက်ရှိနေသည်ကို ကြားရသော အခါ ဘာမှထပ်မပြောတော့ပေ။ သူ မျက်လုံးမှိတ်ပြီး အနားယူလိုက်တော့ သည်။
အစောပိုင်းက အားစိုက်ထုတ်သူမှာ ရှီမာယူယူဖြစ်သော်လည်း သူပါ နေထိုင်မကောင်းကာ ပင်ပန်းနေသည်။
ရှီမာယူယူသည် တံခါးဖွင့်ကာ ထွက်သွားလေသည်။ အပြင်ရောက်သော အခါ စွန်းယွိဝေ့နှင့် တစ်ခါမှမမြင်ဖူးသည့် အမျိုးသားတစ်ယောက်တို့ရပ်နေ သည်ကို တွေ့လိုက်ရသည်။
ထိုနှစ်ရက်အတွင်းတွင် စွန်းယွိဝေ့သည် တစ်ဖဝါးမှမခွာဘဲ အပြင်တွင် နေ ခဲ့သည်။ ရှီမာယူယူသည် တစ်ရက်သာလိုအပ်သည်ဟု ပြောသော်လည်း မနေ့ မနက်က ယနေ့အထိကြာသွားသည်ကို တွေးကြည့်လျှင် နှစ်ရက်နီးပါးရှိပြီဖြစ် သည်။ မထင်မှတ်ထားတာ တစ်ခုခုများဖြစ်လို့လား။
ရှီမာယူယူ တံခါးဖွင့်လိုက်မှပင် သူမ ပြုံးနိုင်ကာ စိတ်အေးသွားတော့ သည်။
"ကလေး ဟော်အာဘယ်လိုနေလဲ"
"အဒေါ် စိတ်ချပါ အကုန်ချောချောမွေ့မွေ့ပါပဲ" ရှီမာယူယူသည် ကျောက်စိမ်းပုလင်းထုတ်ကာ စွန်းယွိ့ဝေ့လက်ထဲထည့်လိုက်သည် "ချိပ်က သူ့ အာရုံကြောတွေကို ဖိမထားတော့ဘူး ဒါပေမဲ့ သူမျက်စိပြန်မြင်ပြီး လမ်းလျှောက်နိုင်ချင်တယ်ဆိုရင် အာရုံကြောတွေ ပြန်ကောင်းဖို့လိုတယ်၊ သူ တစ်နေ့ကို ဆေးတစ်လုံးစားရမယ် ပြန်မြင်လာနိုင်ရင်တောင် ဆေးညွှန်းအတိုင်း ပြီးအောင်သောက်ဖို့လိုတယ်"
KAMU SEDANG MEMBACA
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 9
Fiksi SejarahBook-9 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြား...
