Zawgyi
အပိုင်း (၁၇၀၀) – ကောင်းကင်ခွဲနတ်ဆိုးဓားသတင်း
ရှီမာယူယူသည် သူမ ထွက်လာစဉ်က ခံစားချက်ကို ပြန်တွေးနေမိသည်။ သူမ ခေါင်းညိတ်ပြီး ရှီမာလျူရွှမ်၏ လက်မောင်းကိုယူလိုက်သည် "အဖေနဲ့ဆို ရင် သမီးဘာမှမကြောက်ဘူး"
"သွားကြမယ် တုန်လိုင်မျိုးနွယ်ကိုရောက်ဖို့အတွက် အဝေးကြီးသွားရဦး မယ်" ရှီမာလျူရွှမ် ပြောလိုက်သည်။
သူတို့သုံးယောက်သည် ဝိညာဉ်သခင်အသင်းသို့ဝင်ပြီး ဖြတ်သန်းခပေး ဆောင်ကာ ဖြတ်လမ်းဝင်္ကပါမှတစ်ဆင့် ထွက်လာလိုက်ကြသည်။ အကြိမ် ပေါင်းများစွာ စီးလာပြီးနောက် တုန်လိုင်မျိုးနွယ် အုပ်ချုပ်သည့်အပိုင်းသို့ တဖြည်းဖြည်းဝင်လာသည်။
"ပြည်နယ်တိုင်းမှာ လေဟာပြင်သင်္ဘောရှိရင်ကောင်းမှာပဲ" ရှီမာယူယူ သည် လေဟာပြင်တွင် တစ်လကြာအောင် ထိုင်ရသည်ထက် ဆိုးသော တစ်လ တာကြာသည့် ဖြတ်လမ်းဝင်္ကပါကိုသုံးခဲ့ရသည်။
လေဟာပြင်ဖြတ်သန်းခွင့်အဖိုးအခမှာ အလွန်မြင့်လှသဖြင့် ပစ္စည်းများမှာ စုဆောင်းရန်မလွယ်လှပေ။ ပြည်နယ်တိုင်းကို ပေးရန်မှာမဖြစ်နိုင်ပေ။
"အန်းလေ ငါတို့ရောက်ဖို့ ဘယ်လောက်လိုသေးလဲ" ရှီမာယူယူ မေးလိုက် သည် "လိုသေးရင် ခဏတော့ နားရအောင်"
"၁၀ ရက်အတွင်းတော့ရောက်မှာပါ" အန်းလေ ပြန်ဖြေလိုက်သည် "အခုက တုန်လိုင်မျိုးနွယ်ရဲ့ ပိုင်နက်နယ်ပယ်ကိုတော့ ဝင်လာပြီ မကြာခင် ရောက်မှာပါ"
"၁၀ ရက်တောင် လိုသေးတာလား" ရှီမာယူယူသည် ခါးကိုနှိပ်နယ်လိုက် သည် "ထားလိုက်ပါတော့ ဘယ်လိုပဲဖြစ်စ်ဖြစ် ငါတို့လောနေတာမှမဟုတ်တာ နှစ်ရက်လောက်တော့ ဒီနားက မြို့ကိုသွားရအောင်"
ရှီမာလျူရွှမ်နှင့် အန်းလေတို့မှာ ငြင်းဆန်မှုမရှိပေ။ သူမသည် ခေါင်းဆောင်ဖြစ်နေရာ သူမလုပ်ချင်သည့်အတိုင်း လုပ်နိုင်လေသည်။ ထို့အပြင် နှစ်ရက်သာဖြစ်သည်။
သူတို့သည် နားရန်အတွက် အနီးဆုံးမြို့သို့ သွားလိုက်ကြသည်။ နောက်ပိုင်းတွင် အလုပ်များနေသဖြင့် ကောင်းကောင်းအနားမယူရသည်ကို ရှီမာယူယူ အမှတ်ရသည်။ သူမသည် အနားယူရန်လိုအပ်သည်ဟုဆိုကာ နှစ်ယောက်လုံးကိုခေါ်ပြီး ဈေးဝယ်ထွက်လေသည်။
KAMU SEDANG MEMBACA
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 9
Fiksi SejarahBook-9 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြား...