Zawgyi
အပိုင်း (၁၆၈၁) – မြို့ကိုခေါ်သွားပေး
အပြင်ဘက်တွင် ထိုင်နေသောလူသည် ခေတ္တမျှအံ့ဩသွားပြီး ခဏ အကြာတွင် ရထားလုံးတွဲဆီသို့ပြေးလာပြီး အရေပြားမျက်နှာဖုံးကိုချွတ်ပြီး ရှီမာယူယူကို ကြည့်ပြီးပြောလိုက်သည် "ငါ့ကိုဘယ်လိုဖြစ်လို့မှတ်မိတာလဲ"
"ရှင်က လူတွေကိုကြည့်ရင် စောင်းငဲ့ကြည့်တာလေ" ရှီမာယူယူသည် ခုံကိုမှီလိုက်သည် "ဒါကိုဘယ်လိုရတာလဲ"
"သူငယ်ချင်းဆီက ငှားထားတာ" လျန်ချူရှင်းသည် ပြုံးပြီးပြောလိုက် သည် "မင်းရဲ့ဆေးကျေးဇူးကြောင့် ငါ့သူငယ်ချင်းကို ထပ်တွေ့နိုင်တာ"
"တကယ်ကြီးလား ရှင့်လိုလူကို သူငယ်ချင်းတော်ထားတာ ဘယ်လိုလူလဲ တော့မသိဘူး ရှင့်ရဲ့ အပုပ်နံ့ကိုသွားမျှတာလား" ရှီမာယူယူ ပြောလိုက်သည်။
"ငါ့သူငယ်ချင်းက လူကြီးလူကောင်းပါ" လျန်ချူရှင်းသည် သူငယ်ချင်း ဖြစ်သူ၏ အမည်ကို ရှင်းရန်ကြိုးစားလေသည်။
ရှီမာယူယူသည် မျက်လုံးလှိမ့်လိုက်သည်။ သူ့လိုလူနဲ့ ခင်တယ်ဆိုတဲ့လူ က လူကြီးလူကောင်းဖြစ်နိုင်ပါ့မလား။ သို့သော် သူမသည် ထပ်မပြောတော့ဘဲ မေးလိုက်သည် "ဒီအကြောင်းပြောကြတာပေါ့ ကျွန်မကိုဘာလို့ရှာတာလဲ ဘာ ရည်ရွယ်ချက်နဲ့လဲ"
"ငါ့မှာ ဘာရည်ရွယ်ချက်ရှိဦးမှာလဲ၊ မင်းရဲ့အသက်ကိုကယ်ဖို့ ခရီးစဉ်ကို ဦးဆောင်ဖို့လာတယ်လို့ မထင်ဘူးလား" လျန်ချူရှင်း ပြောလိုက်သည်။
"ဟုတ်လား ရှင် အခုမပြောရင် နောက်ကျရင် မကြားချင်တော့ဘူး" ရှီမာယူယူ ပြောလိုက်သည်။
လျန်ချူရှင်းသည် ခေတ္တမျှတိတ်ဆိတ်သွားကာ ပြောလိုက်သည် "ငါ မြို့ကိုဝင်ဖို့ ကူညီပေး"
"ကန်မာမြို့ကိုလား ဘာလို့လဲ" ရှီမာယူယူသည် သူ့ကို စိတ်ဝင်တစား ကြည့်လိုက်သည်။
"ကန်မာမြို့က အခုနောက်ပိုင်း အရမ်းတင်းကြပ်လာတယ် လူတော်တော် များများ ဝင်လို့မရဘူး ဒါပေမဲ့ ဖိတ်ကြားခံရတဲ့ ဧည့်သည်တွေကတော့ မတူဘူး" လျန်ချူရှင်း ပြောလိုက်သည်။
ВЫ ЧИТАЕТЕ
အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 9
Исторические романыBook-9 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes credit to the original owner. Title ကိုသိချင်ရင် cb မှာလာမေးလို့ရပါတယ်.. ;3 သူမသည် အမှိုက်ဟုကျော်ကြား...
