အပိုင်း (၁၆၂၄) - ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲ

2.2K 213 13
                                        

Zawgyi


ထိုအဖြစ်အပျက်များအပြီး လတစ်ဝက်အကြာ နောက်ဆုံးမှပင် ထောင်ယိရွှမ်သည် ပင်ပန်းနေသော ခန္ဓာကိုယ်ဖြင့် တည်းခိုဆောင်သို့ ရောက် လာသည်။

ရှီမာယူယူသည် သူ့အတွက် ဝိုင်တစ်ခွက်ငှဲ့ပေးကာ ပြောလိုက်သည် "ရှင့် ကြည့်ရတာ မသက်သာလိုက်တာ လန်းသွားအောင် ဝိုင်လေးသောက်လိုက်ဦး"

ထောင်ယိရွှမ်သည် ဟန်မလုပ်နိုင်တော့ဘဲ တစ်ခွက်လုံးကုန်အောင် သောက်ကာ သူမကို လှည့်ကြည့်လေသည်။

သူမ ရယ်မောပြီး နောက်တစ်ခွက် ထည့်ပေးလိုက်သည်။

"ရှင့်ရဲ့ဒီလိုပုံစံကို ကြည့်ရတာ ခေါင်းဆောင်ဖြစ်လာပြီးတော့ ရေတွေ သေရည်တွေ မသောက်ရဘူးလို့ ထင်မိတော့မယ်" သူမ စနောက်လေသည်။

"မသောက်ရလုနီးပါးပဲ" ထောင်ယိရွှမ် ပြောလိုက်သည် "ငါ အလျင်လို နေလို့ပဲ အဲဒီကိစ္စတွေကို အမြန်ရှင်းပြီး မင်းကိုလာတွေ့တာပဲမလား"

"အဲတော့ ရှင် လှုပ်ရှားမှုစနေပြီးပြီလို့ ပြောချင်တာလား" ရှီမာယူယူသည် အဓိပ္ပာယ်မရှင်းသော စကားများကြောင့် စကားလမ်းကြောင်းလွှဲလိုက်သည်။

ထောင်ယိရွှမ်သည် သူမအကြောင့် သူ့ကိုယ်သူတွန်းအားပေးသည်ဟု စဉ်းစားစရာမလိုပေ။

"အဲလိုပါပဲ ကိစ္စအများစုကို ထိန်းချုပ်နိုင်နေပြီ" ထောင်ယိရွှမ် ပြောလိုက် သည် "ယူယူ မင်းရှာနေတဲ့ လူတွေရဲ့ တိကျတဲ့သတင်းတချို့ ငါ့ကိုပေးသင့် တယ်လေ ဟုတ်တယ်မလား"

"ဟုတ်ပြီ"

ရှီမာယူယူသည် ပုံတူနှစ်ခုကို ထုတ်ပြီးပြောလိုက်သည် "ဒါက ကျွန်မ ဆရာနဲ့ ဆေးပညာဆရာပဲ... သူတို့က လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက ပျောက်ဆုံးနေ တဲ့ နယ်မြေကိုလာခဲ့ကြတာ အစတုန်းကတော့ သူတို့...."

"လွန်ခဲ့တဲ့ နှစ်ဆယ်ဂဏန်းလောက်က ငါတို့ကျွန်းကိုလာတဲ့ အပြင်လူက သိပ်မများဘူး၊ အချိန်ကလည်း အရမ်းမကြာသေးဘူး သူတို့ကိုရှာတွေ့နိုင်ပါ တယ်" ထောင်ယိရွှမ် ပြောလိုက်သည် "ဒါပေမဲ့ အချိန်နည်းနည်းတော့ လိုလိမ့် မယ်"

အလိုလိုက်အကြိုက်ဆောင်ခြင်းခံရသော သမီးပျို (ရှီမာယူယူ) Book 9Donde viven las historias. Descúbrelo ahora