Hold Me Hold My Soul - 6

2.8K 295 19
                                    

ရှောင်းဖင်ရဲ့မျက်နှာကိုကြည့်ရင်း ပါရီရဲ့ ညတညကို အတွေးတွေ လွင့်မျောသွားပြီး သူ့အောက်မှာ ရှိနေခဲ့တဲ့ အနီရောင်ကျူးလစ်ပန်းလေးကို သတိရသွားတယ်။

*

ဝမ်ရိပေါ်ဟာ သူ့အောက်က ရှောင်းကျန့်ကို ကြည့်နေတယ်။ သားကောင်ကို ကြည့်တဲ့ မုဆိုးလို အကြည့်မျိုးနဲ့။ သူ့မျက်ဝန်းတွေထဲမှာ အောင်နိုင်မှုတွေ ပြည့်နေတယ်။

"ပန်းချီကားကို လိုချင်ရဲ့လားဆိုတာ မစ္စတာရှောင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ"

သူ့အသံက အရမ်းကို နူးညံ့တယ်။ သူ့နှုတ်ခမ်းထောင့်တွေက အပေါ်ကို ကွေးတက်နေတယ်။ စကားပြောနေစဉ်အတွင်းမှာ သူဟာ ရှောင်းကျန့်ရဲ့ လည်ပင်းတဝိုက်က ဖဲပြားကို သူ့လက်ချောင်းရှည်ရှည်တွေနဲ့ ဖြည်းညှင်းစွာ ပြန်ချည်ပေးနေခဲ့တယ်။

ရှောင်းကျန့်ဟာ သူ့ရဲ့ ရွံရှာမှုကို မဖုံးကွယ်နိုင်ဘူး။ သူ့ရဲ့ လှပတဲ့မျက်ခုံးတန်းတွေက ချည်နှောင်တော့မတတ် တွန့်ချိုးနေတယ်။ ဒါပေမဲ့ ဒီတခေါက်မှာတော့ သူ့လည်ပင်းပေါ်က ဖဲပြားကို ဝမ်ရိပေါ်က ပြန်ချည်ပေးနေတဲ့အပေါ် သူ ငြိမ်သက်စွာ ကြည့်နေတယ်။ ဘာငြင်းဆိုရုန်းကန်မှုမှ မလုပ်ဘူး။

သူ့အမေ နှစ်သက်တဲ့ ပန်းချီကားကို ဒီဖဲကြိုးပြားနဲ့ လဲလှယ်ခွင့်ရမယ်ဆိုရင် ဒီ့ထက်ပိုတဲ့ စော်ကားမှုတွေ ပေးလာလည်း ကိစ္စမရှိဘူး။ ဘာပဲပြောပြော ဖဲပြားတခုဟာ နန်ရှန်းပရောဂျက် တဝက်စာနဲ့တော့ ယှဉ်လို့ မရဘူးမလား။

ဒါပေမဲ့ ဒီလို အရေးမပါတဲ့အရာလေးတခုဟာ သူ့ရဲ့ ငယ်ရွယ်မှုတွေမှာ အိပ်မက်ဆိုးအဖြစ် တဝဲလည်လည် ရှိနေခဲ့တယ်။ ညလယ်သန်းခေါင်တွေမှာ ရုတ်တရက် မွန်းကျပ်စွာ လန့်နိုးလာရတဲ့ အကြောင်းရင်း ဖြစ်နေခဲ့တယ်။

အရွယ်ရောက် ကြီးပြင်းလာပြီးလို့ နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ ကလေးဘဝရဲ့ နာကျင်မှုတွေဟာ မကျော်ဖြတ်နိုင်တဲ့ ဒုက္ခကြီး မဟုတ်ဘူးဆိုတာ သိလာခဲ့ရတယ်။ တကယ်တမ်း ဘဝကို ခက်ခဲစေခဲ့တဲ့အရာတွေဟာ စိတ်ရှုပ်ထွေးမှုတွေ၊ အားကိုးရာမဲ့မှုတွေနဲ့ တကိုယ်တည်း အားငယ်ရခြင်းတွေ ဖြစ်တယ်။

Human Nature is Evil ||Completed||Where stories live. Discover now