အလုပ်ကနေ ၂ ပတ်လောက် အနားယူတယ်ဆိုတာမျိုးက ရှောင်းကျန့်အတွက် အရမ်းရှားတယ်။ ဝမ်ရိပေါ်က သေချာရှင်းပြပေမဲ့ သူ ဝမ်ရိပေါ်နဲ့ အတူမနေဘူး။ သူ့ဟာသူ သိပ်မဝေးတဲ့ဟိုတယ်မှာ အခန်းငှားနေတယ်။
သူနဲ့ ဝမ်ရိပေါ်ကြား အကွာအဝေးတခုတော့ ထားမှဖြစ်မယ်လို့ သူက တွေးတယ်။ ဒါပေမဲ့ ဝမ်ရိပေါ်က သူ့ကို စာပြန်လာတယ်။ ကလေးဆန်လိုက်တာတဲ့။
ကလေးဆန်တာတော့ အမှန်ပဲ။ ရှောင်းကျန့် သူ့ကိုယ်သူ ရယ်ရတယ်လို့ တွေးမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဟန်ကျိုးကို ဝမ်ရိပေါ်နဲ့အတူ လိုက်လာခဲ့တယ်ဆိုပေမဲ့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး နည်းနည်းအနေစိမ်းနေတုန်းပဲ။
ဝမ်ရိပေါ်က ပြောတော့သာ အစည်းအဝေးက ၂ ရက်တည်းတဲ့။ တကယ်တမ်းမှာ အလုပ်ကို အပြီးဖြတ်ချလို့ မရဘဲ အသေးအမွှားကိစ္စလေးတွေ လုပ်စရာကျန်နေသေးတယ်။ အဲ့တော့ အဲ့လိုအသေးအမွှားကိစ္စတွေကို အပြန်ပြန်အလှန်လှန် သွားလိုက်၊ လာလိုက် အပြီးသတ်ပြီးတဲ့နောက်မှာ ၂ ရက်ပဲ လုပ်ရမယ်ဆိုတဲ့ အလုပ်ချိန်က ၁ ပတ်ဖြစ်သွားတယ်။
ဝမ်ရိပေါ် ထင်မှတ်မထားခဲ့တာက ရှောင်းကျန့်ဘက်က တိတ်ဆိတ်နေပြီး ဘာသံမှ မကြားရတာကိုပဲ။ အဆုံးသတ်မှာ သူ ဘယ်လိုမှ မနေနိုင်တော့တာမို့ ၂ နာရီခြားတခါ ရှောင်းကျန့်ဆီ ဖုန်းဆက်ပြီး ဘာလုပ်နေလဲမေးတယ်။ နောက်ဆုံး ရှောင်းကျန့်မှာ စိတ်တိုလာတာမို့ ဖုန်းကို စက်ပိတ်ပစ်ရတဲ့အထိပဲ။
ရှောင်းကျန့်က ဒီမှာ ပျော်နေတယ်။ သူ ဟန်ကျိုးကို လိုက်ဖို့ ပြောခဲ့ပြီးကတည်းက သူ့မှာ နေ့တိုင်း ပြောပြလို့မရတဲ့ စိုးထိတ်မှုတွေ ရှိနေခဲ့တယ်။ ဒီလို မသေချာမရေရာမှုဟာ စက္ကန့်တိုင်းမှာ သူ့ကို နောက်ဆုတ်ဖို့ တွန်းအားပေးနေတယ်။ ဆိုပေမဲ့ တချိန်တည်းမှာလည်း သူ့ရင်ထဲက ဆန္ဒက သူ့ကို ရှေ့တွန်းပို့နေတယ်။ အဲ့အချိန်မှာ ဝမ်ရိပေါ်ရဲ့ ရုတ်တရက် အလုပ်ရှုပ်နေမှုက သူ့ကို စိတ်အေးသက်သာမှု ရစေတယ်။
အလုပ်တွေကို အကုန်နောက်ထားပြီး ဒီလိုမျိုး ဘဝကို နေပျော်အောင် နေတယ်ဆိုတာ သူ့အတွက် တကယ်ရှားတယ်။ နေ့ဘက်မှာ သူ တာ့ဟွမ်ကိုခေါ်လို့ ပတ်ဝန်းကျင် အနီးအနား လျှောက်သွားပြီး ပင်ပန်းလာတဲ့အခါ ဟိုတယ်မှာ ပြန်အိပ်တယ်။ သူ့ခန္ဓာကိုယ်က ဆိုးဆိုးရွားရွား နာကျင်နေတုန်းပဲ။ အပြင်မှာ အကြာကြီး နေမိရင် ပင်ပန်းလာလေ့ရှိတယ်။
YOU ARE READING
Human Nature is Evil ||Completed||
Fanfic"မုန်တိုင်းနဲ့ ဆုံခဲ့ပေမဲ့ မင်းနဲ့တော့ လွဲခဲ့တယ်" - SEAHii_ Myanmar Translation နွေဦးတော်လှန်ရေးတွင် ထောင့်ပေါင်းစုံမှ ပါဝင်ထားသူများသာ ဖတ်ရန်ဖြစ်ပါတယ်။