နောက်နေ့ မြို့ထဲနဲ့ အတန်ငယ်ဝေးတဲ့ သီးသန့်ကလပ်တခုမှာ ရှောင်းကျန့်ဟာ စားပွဲမှာ ထိုင်လို့ မျက်လွှာချထားရင်း လက်ဖက်ရည် သောက်နေတယ်။ Staff တွေက ဝမ်ကျန်းကို ဦးဆောင်ခေါ်လာပြီး ရှောင်းကျန့်ရှိရာ အခန်းထဲကို လိုက်ပို့တယ်။ အခန်းတံခါးကို ဖွင့်လို့ ဝင်လာတဲ့အခါ ရှောင်းကျန့်ဟာ နွေးထွေးတဲ့ လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း မျိုချလိုက်တယ်။ လက်ဖက်ရည်ခွက်လေးက စားပွဲပေါ်ကို ဖြည်းဖြည်းချင်း တင်ခံလိုက်ရတယ်။ အဲ့ဒီနောက် မျက်လုံးကို ပင့်လို့ တံခါးဝက ဝင်လာတဲ့လူကို ကြည့်လိုက်တယ်။
ဝမ်ကျန်းဟာ အညိုဖျော့ရောင် Siut အင်္ကျီကို ဝတ်ဆင်ထားပြီး ဆံပင်တွေကို အနောက်သို့ သေသပ်စွာ ဖီးတင်ထားတယ်။ သူ့လက်ကောက်ဝတ်ပေါ်က အနက်ရောင်လက်ပတ်ကြိုးပါတဲ့ နာရီဟာ အရေအတွက် အကန့်အသတ်နဲ့ပဲ ထုတ်တဲ့ အမျိုးအစားဖြစ်တယ်။ ကမ္ဘာပေါ်မှာ နှစ်လုံးပဲရှိတယ်။ တလုံးက သူ့လက်ပေါ်မှာဖြစ်ပြီး ကျန်တလုံးကတော့ နာရီအရောင်းပြခန်းရဲ့ Brand collection ပစ္စည်းတွေထားရာ စင်ပေါ်မှာ ဖြစ်တယ်။
ပြောရမယ်ဆိုရင် ပုံစံကတော့ သိပ်မဆိုးဘူးဆိုတဲ့သဘောပေါ့။ အဖေတူ အမေကွဲမို့ထင်တယ်။ ဝမ်ကျန်းရဲ့ မျက်လုံး၊ မျက်ခုံးတွေဟာ ဝမ်ရိပေါ်နဲ့ အနည်းငယ် ဆင်သလိုရှိတယ်။ ဆိုပေမဲ့ ဝမ်ကျန်းရဲ့ မျက်လုံးတွေထဲမှာ ခေတ်မီမှုတွေ အပြည့်ရှိနေတယ်။ ဒီလောကထဲက လူတွေရဲ့ မျက်နှာရိပ်၊ မျက်နှာကဲကို အကဲခတ်ဖို့ဆိုတာ ရှောင်းကျန့်အတွက် ခက်ခဲတဲ့အရာ မဟုတ်ဘူး။ အဓိက အကျဆုံးကတော့ ရုပ်ရှင်တွေထဲကလို "စိတ်ဆန္ဒ" ပဲ။ ဒါပေမဲ့ ဝမ်ရိပေါ်က ကွာခြားတယ်။ ဝမ်ရိပေါ်ရဲ့ မျက်လုံးတွေထဲကနေ တခုခုကို တွေ့ရဖို့က ရှောင်းကျန့်အတွက် ခက်ခဲတယ်။
ရှောင်းကျန့် မတ်တပ်ရပ်လို့ သူ့ရဲ့ ယဉ်ကျေးပျူငှာမှုကို ပြလိုက်တယ်။ သူ့နှုတ်ခမ်းထောင့်လေးတွေက အပေါ်ကို ကွေးတက်သွားပြီး အခြေခံအကျဆုံး အပြုံး ပြုံးလိုက်တယ်။ အပြုံးတခုမှန်း သိသာပေမဲ့ ခံစားချက်မပြဘူး။ သူကပဲအရင် ဝမ်ကျန်းကို လက်ဆွဲနှုတ်ဆက်ဖို့အတွက် လက်ထိုးပေးလိုက်တယ်။
YOU ARE READING
Human Nature is Evil ||Completed||
Fanfiction"မုန်တိုင်းနဲ့ ဆုံခဲ့ပေမဲ့ မင်းနဲ့တော့ လွဲခဲ့တယ်" - SEAHii_ Myanmar Translation နွေဦးတော်လှန်ရေးတွင် ထောင့်ပေါင်းစုံမှ ပါဝင်ထားသူများသာ ဖတ်ရန်ဖြစ်ပါတယ်။